မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအနီး နွားကျောင်းနေသည့် ကလေး ၁၀ ဦးနှင့် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအနီးရှိ ဒေသခံပြည်သူ ၂၀ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးသွားခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

Ministry of Information/ Naypyitaw / October 14, 2024
နေပြည်တော် အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအနီးတွင် နွားကျောင်းနေသည့် အသက် ၁၅ နှစ်အရွယ် ကလေး ၁၀ ဦးကို အောက်တိုဘာ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မတ္တရာမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်းများရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများမရှိကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအနီးတွင် အောက်တိုဘာ ၁၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်းနှင့် အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ ဒေသခံပြည်သူ ၂၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးသွားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အုတ်ဖိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် ဝိုင်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
Announcement
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
Ministry of Information / Posted on January 19, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
Ministry of Information / Posted on January 19, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 18, 2026