ယဉ်ကျေးမှု ဖလှယ်ခြင်းမှသည် ချစ်ကြည်ရင်းနှီးမှုဆီသို့
ယဉ်ကျေးမှု ဖလှယ်ခြင်းမှသည် ချစ်ကြည်ရင်းနှီးမှုဆီသို့
Ministry of Information/ Naypyitaw / June 09, 2026
အနုပညာဆိုသည်မှာ လူသားအားလုံး ဆက်သွယ်ပြောဆိုနိုင်သည့် ကမ္ဘာသုံးဘာသာစကားတစ်ခုဖြစ်ပါသည်။ ပြောဆိုသုံးနှုန်းကြသည့် ဘာသာစကားများ၊ ဘဝနေထိုင်မှု၊ ယဉ်ကျေးမှုပုံစံများ မည်သို့ပင် မတူကွဲပြားမှုရှိပါစေ၊ ခေတ်သမိုင်းအဆက်ဆက်တွင် ကမ္ဘာ့နိုင်ငံအချင်းချင်း ယဉ်ကျေးမှုများဖလှယ်သည့်အခါ အနုပညာက လွှမ်းခြုံမှုအားကောင်းသည့် ကြားခံတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တိုင်ကောင်းများစွာရှိပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများအနက် တရုတ်နိုင်ငံ၏ ထန်မင်းဆက်၊ မြန်မာနိုင်ငံ၏ ပျူခေတ်တွင် နှစ်နိုင်ငံပြည်သူများ၏ကြားတွင် အနုပညာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဂီတနှင့်အနုပညာကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်ဆိုသည့် သမိုင်းမှတ်တိုင်ကို လေ့လာသိရှိရပါသည်။
ယခုလက်ရှိအချိန်တွင်လည်း နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်စေရန်အတွက် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့ ပူးပေါင်းလုပ်ဆောင်ရာတွင် ယခုကျင်းပသည့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၆) နှစ်မြောက်အထိမ်းအမှတ်၊ ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင် သီတင်းပတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms.Ma Jia နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ သံအမတ်ကြီး မင်္ဂလာပါရှင်။ သံအမတ်ကြီးတို့အနေနဲ့ တရုတ်ရုပ်ရှင်ပွဲတော်ကို ဒီနေ့စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီလိုမျိုးမြန်မာနိုင်ငံမှာ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ အနှစ်သာရကို သိပါရစေ။
ဖြေ။ ။ လွန်ခဲ့တဲ့ (၇၆) နှစ်ရဲ့ ဒီလိုနေ့မှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါတယ်။ (၇၆) နှစ်တာကာလအတွင်းမှာ နိုင်ငံတကာအခြေအနေများ ဘယ်လိုပင် ပြောင်းလဲပါစေ နှစ်နိုင်ငံစလုံးက အပြန်အလှန်လေးစားခြင်းနဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့အတူ ယှဉ်တွဲနေထိုင်ရေးလမ်းစဉ်ကို အစဉ်တစိုက် ကိုင်စွဲထားခဲ့ကြပါတယ်။
ကျွန်မတို့က ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မှာ ကျင်းပဖို့ အထူးရွေးချယ်ခဲ့ခြင်းဟာ နှစ်နိုင်ငံအကြား (၇၆) နှစ်တိုင်တိုင် အေးအတူပူအမျှ ဖြတ်သန်းခဲ့ကြတဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဂုဏ်ပြုတာဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ရုပ်ရှင်ဖန်သားပြင်ရဲ့ အတွင်းအပြင်တို့မှာ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။
ရုပ်ရှင်ဆိုတာက နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ အများသုံးဘာသာစကားတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး ကျွန်မတို့က မြန်မာနိုင်ငံမှာ တရုတ်ရုပ်ရှင်သီတင်းပတ်ကို (၈) ကြိမ်တိုင်တိုင် မပျက်မကွက်ကျင်းပလာခဲ့ခြင်းဟာ သက်ဝင်လှုပ်ရှားသော ကင်မရာမြင်ကွင်းများနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းပုံပြင်များကတစ်ဆင့် တရုတ်ပြည်သူများရဲ့ လူနေမှုဘဝနဲ့ တရုတ်လူမှုအဖွဲ့အစည်းရဲ့ ပြောင်းလဲတိုးတက်မှုများကို ဖော်ပြပေးဖို့ဖြစ်ပြီး အားလုံးကို စစ်မှန်ပြီး ရုပ်လုံးပေါ်ကာ ကဏ္ဍစုံလင်တဲ့ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကိုတင်ဆက်ပြသလိုခြင်းဖြစ်ပါတယ်။
ထိုမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား အတားအဆီးနဲ့ နားလည်မှုလွဲမှားခြင်းတွေကို ဖယ်ရှားကာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုကို တိုးမြှင့်ပေးပြီး နှစ်နိုင်ငံပြည်သူတွေကို စိတ်ချင်းဆက်နွှယ်မှုမှတစ်ဆင့် အပြန်အလှန်သိရှိနားလည်ခြင်း၊ ချစ်ခင်ရင်းနှီးခြင်းနှင့် ပေါင်းစည်းခြင်းတို့ကို ဖော်ဆောင်ပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ရေရှည်နက်ရှိုင်းတဲ့ လူမှုယဉ်ကျေးမှုအင်အားစုတွေကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။
ယခုအကြိမ် ရုပ်ရှင်သီတင်းပတ်မှာ အထူးရေပန်းစား လူကြိုက်များတဲ့ တရုတ်ရုပ်ရှင်လက်ရာကောင်း ခုနစ်ကားကို ကျွန်မတို့ အထူးရွေးချယ်ထားပါတယ်။ ရုပ်ရှင်အမျိုးအစားများ မတူညီကြသော်လည်း ရုပ်ရှင်အားလုံးက စစ်မှန်တဲ့ မိသားစုသံယောဇဉ်၊ ခိုင်မာတဲ့ အိပ်မက်များ၊ မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုများနဲ့ တရားမျှတမှုအပေါ် ရပ်တည်ချက်၊ လှပတဲ့ဘဝဆီသို့ လျှောက်လှမ်းပုံများကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။ စိတ်နှလုံးချင်းဆက်နွှယ်ပေးမယ့် ဤရုပ်ရှင်ဇာတ်ကားကောင်း ခုနစ်ကားကတစ်ဆင့် မြန်မာပရိသတ်တွေအတွက် စိတ်လှုပ်ရှားကြည်နူးမှု၊ အတွေးအမြင်သစ်တွေနဲ့ ခွန်အားတွေကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ အခုလို ကြားသိရတဲ့အတွက် ဝမ်းသာပါတယ် သံအမတ်ကြီးရှင့်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး တော့ရပ်ဝန်းနဲ့ ပိုးလမ်းမလိုမျိုး စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်နေသလိုပဲ နှစ်နိုင်ငံပြည်သူအချင်းချင်းအကြားမှာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတဲ့အခါ အခုလိုရုပ်ရှင်ပွဲတော်တွေကို နှစ်စဉ်ကျင်းပခြင်းအားဖြင့် ဘယ်လိုအကျိုးရလဒ်တွေကို ဆောင်ကြဉ်းပေးမယ်ဆိုတာ သံအမတ်ကြီးအနေနဲ့ မျှော်လင့်ပါသလဲရှင့်။
ဖြေ။ ။ “Belt and Road” ကို အတူတကွပူးပေါင်းတည်ဆောက်ရေး အဆိုပြုချက်က အပြန်အလှန်ပေါင်းစည်းဆက်နွှယ်မှုကို အဓိကလမ်းကြောင်းအဖြစ်ထားရှိပြီး နိုင်ငံအသီးသီးနဲ့အတူ မူဝါဒပိုင်းဆိုင်ရာဆွေးနွေးမှု၊ အခြေခံအဆောက်အအုံချိတ်ဆက်မှု၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့မှု၊ မတည်ရင်းနှီးငွေစီးဆင်းမှုနဲ့ ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှုတို့ကို အားကောင်းအောင်ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်များကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။
"Belt and Road" ကို အတူတကွပူးပေါင်းတည်ဆောက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင် အစရှိတဲ့ကဏ္ဍတွေမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆက်ဆံဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ် နက်ရှိုင်းစေခဲ့ပြီး မြန်မာပြည်သူတွေအတွက် လက်တွေ့ကျတဲ့ လူမှုစီးပွားအကျိုးကျေးဇူးများနဲ့ သုခချမ်းသာများကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။
ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုက “Belt andRoad” တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တရုတ်ရုပ်ရှင်သီတင်းပတ်ကျင်းပခြင်းက နှစ်နိုင်ငံပြည်သူတွေရဲ့ စိတ်နှလုံးကို ပိုမိုနီးကပ်စေဖို့ အထောက်အကူပြုပြီး တရုတ်-မြန်မာ ကဏ္ဍစုံလက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပိုမိုပွင့်လင်းမြင်သာပြီး တံခါးဖွင့်လှစ်ကာ ချစ်ကြည်ရင်းနှီးပြီး အားလုံးပါဝင်နိုင်တဲ့ ပြည်သူ့သဘောထားပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့က မြန်မာမိတ်ဆွေများ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ကြရန်၊ တရုတ်နိုင်ငံရဲ့ ဒေသန္တရဓလေ့ထုံးတမ်းများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားပြီး တရုတ်ပုံစံခေတ်မီ ဆန်းသစ်မှုရဲ့ ထောင်သောင်းမကတဲ့ တိုးတက်ပြောင်းလဲမှုအသွင်သဏ္ဌာန်များကို ခံစားကြည့်ရှုကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ကြိုဆိုအပ်ပါတယ်။
မေး။ ။ အခု တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်မှာ ရုပ်ရှင်ပွဲတော်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ ရုပ်ရှင်ပွဲတော် ကျင်းပခြင်းနဲ့အတူ တခြားဘယ်လိုယဉ်ကျေးမှု ပွဲတော်တွေကျင်းပဖို့ စီစဉ်ထားတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုက တရုတ်-မြန်မာ လူမှုယဉ်ကျေးမှုဖလှယ်ရေးမှာ အလွန်တောက်ပတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးကို အစဉ်တစိုက်အလေးအနက်ထားရှိပြီး တရုတ်ရိုးရာပွဲတော်များ၊ တရုတ်ဇာတ်သဘင်အော်ပရာဖျော်ဖြေပွဲများ၊ “Chinese Bridge” တရုတ်ဘာသာစကား ပြိုင်ပွဲများ၊ လန်ချန်း-မဲခေါင် ဗီဒီယိုတိုပြိုင်ပွဲများနဲ့ “ပေါက်ဖော်နှလုံးသားထဲမှစကားသံများ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်များ စုစည်းမှု” စာမူဖိတ်ခေါ်ခြင်း အစရှိတဲ့ ထင်ရှားပြီး သက်ဝင်လှုပ်ရှားတဲ့ အစီအစဉ်တွေကို ဆက်တိုက်ကျင်းပခဲ့ရာ မြန်မာပြည်သူများရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂီတ၊ အက၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာနဲ့ ရိုးရာဓလေ့ထုံးတမ်းများ၊ အထူးသဖြင့် ပျော်ရွှင်စရာကောင်းလှတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်လှုပ်ရှားမှုများကလည်း ကျွန်မတို့ကို နက်ရှိုင်းစွာ အမှတ်တရကောင်းများ ရရှိစေခဲ့ပါတယ်။
နောင်အနာဂတ်မှာ ကျွန်မတို့က ယဉ်ကျေးမှုဖလှယ်ရေးရဲ့ အတိုင်းအတာနဲ့ နက်ရှိုင်းမှုကို စဉ်ဆက်မပြတ် ဆက်လက်တိုးချဲ့သွားဖို့ ဆန္ဒရှိပါတယ်။ ကျွန်မတို့က တရုတ်ရုပ်ရှင် သီတင်းပတ်ကို ကောင်းမွန်စွာ ဆက်လက်ကျင်းပသွားမယ့်အပြင် ပိုမိုကောင်းမွန်တဲ့ တရုတ်ဇာတ်လမ်းတွဲများကိုလည်း မိတ်ဆက်ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့အတူ မှတ်တမ်းတင်ရုပ်ရှင်များနဲ့ အထူးအစီအစဉ်များကို ပိုမိုပူးတွဲရိုက်ကူးသွားမှာဖြစ်ပါတယ်။
ထို့ပြင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးဆိုင်ရာ ခံစားမှုများ၊ ပညာရေးပူးပေါင်းဆောင်ရွက်မှု အစရှိတဲ့ နယ်ပယ်များမှာလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့က တရုတ်အနုပညာအဖွဲ့အစည်းတွေကို မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် ပိုမိုတွန်းအားပေးသွားမှာဖြစ်ပြီး မြန်မာအနုပညာရှင်များ တရုတ်နိုင်ငံသို့ သွားရောက်ဖလှယ်ကြဖို့လည်း ကြိုဆိုပါတယ်။ အခုလိုယဉ်ကျေးမှုဖလှယ်မှုတွေမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုတိုးပွားစေဖို့နဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေဖို့အတွက် စင်မြင့်ပလက်ဖောင်းတွေကို ပံ့ပိုးဖော်ဆောင်ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်မိပါတယ်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Ministry of Information / Posted on June 08, 2026
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Ministry of Ethnic Affairs / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

