ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 01, 2025


ဘားအံ ဒီဇင်ဘာ ၁

လူ့စွမ်းအားအရင်းအမြစ်၏ အစဦးဆုံးဖြစ်သော မူကြိုအရွယ်ကလေးသူငယ်များကို နည်းစနစ်မှန်မှန်ဖြင့် ပြုစုပျိုး ထောင်ပေးနိုင်ရေး ကရင်ပြည်နယ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းပြည်နယ်ကြီးကြပ် ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အသက်(၃)နှစ်မှ(၅)နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြို ကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေး လိုက်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံစံနှုန်းများနှင့်သဘောတရားများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် လိုက်လျောညီထွေစွာဆောင်ရွက်တတ်ရန်နှင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာ များကိုမျက်ခြေမပြတ်စေဘဲ ခေတ်မီဆန်းသစ်သည့် နည်းစနစ်များနှင့်အညီပေါင်းစပ်ပြီး ကလေးများသင်ယူမှုအခွင့်အလမ်း များရရှိအောင် ဖန်တီးဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား စားစရိတ်ငွေကျပ်(၃၂)သိန်းနှင့် သင်တန်းထူးချွန်ပထမ ဆုရရှိသော သင်တန်းသူအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က သင်တန်းထူးချွန် တတိယဆုနှင့်ဒုတိယဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသူများ၏ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်အဆိုပြုလွှာပေးအပ်ခြင်းကို လက်ခံရယူကာ ပြည်နယ်လူမှု ရေးရာဝန်ကြီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသူဆရာမများကိုယ်စားသင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာသင်ထောက်ကူပစ္စည်းများကိုကြည့်ရှုအားပေးကာ အမှတ်(၂)မူလတန်းကြိုကျောင်းအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023