သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ကတ္တရာလမ်းဖွင့်
သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ကတ္တရာလမ်းဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / February 15, 2025
သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ကတ္တရာလမ်းဖွင့်
ဘားအံ-ဖေဖော်ဝါရီ (၁၅)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထီးဖိုးကလုံးရွာမှ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသသို့ သံလွင်မြစ်ကြောင်းနှင့် အပြိုင် ဆက်သွယ်ဖောက်လုပ်ထားသော သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အဆိုပါလမ်းပိုင်းသည် လမ်းအကျယ်တစ်ဖက်ပေ(၂၀)စီ၊ နှစ်ဖက်ပေ(၄၀)နှင့် အရှည်တစ်မိုင်ခန့်ရှိပြီး လမ်း အလယ်တွင် ၁၀ပေအကျယ်ရှိ လမ်းလယ်ကျွန်းနှင့်ပန်းအိုးကြီးများ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးတိုင်များပါဝင် ကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဝိစာရ၊ ထော်ရွဲတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကွဲ ရေးအဖွဲ့နာယက စောထွန်းလှိုင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး လမ်းပိုင်းအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် လှိုင်းဘွဲမြို့နယ်၊ အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ ထော်ရွဲကမ်းနားကျေးရွာ၊ ထော်ရွဲကျောင်းတိုက် အဝင် မုခ်ဦးအလှူနှင့် ဆရာတော်ဘဒ္ဒန္တဥတ္တမ၏မွေးနေ့(ဝိဇာတ)မင်္ဂလာအခမ်းအနားကို ထော်ရွဲကျောင်းတိုက်၌ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ နှင့် ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အလှူရှင်များက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရ၊ မြိုင်ကြီငူနန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် သီရိပျံချီဘဒ္ဒန္တဉာဏိက၊ ထော်ရွဲတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဥတ္တမအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က ထီးဖိုးက လုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းစရိတ် ငွေကျပ် ၈၀၂၉၀၀၀ဝိ/-(ရှစ်ရာ့နှစ်သိန်းကိုးသောင်းကျပ်) ကို ဒုတိယမြိုင်ကြီးငူဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကြသည်။
ထို့နောက် ဆရာတော်၊သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်အပေါင်းတို့က ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကာ ရတနာရွှေမိုးငွေမိုးများ ရွှာသွန်းဖြိုးခဲ့ပါသည်။

Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on January 12, 2026
ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...