သနပ်ပင်မြို့နယ် မင်းရွာကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး
သနပ်ပင်မြို့နယ် မင်းရွာကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး
Ministry of Cooperatives and Rural Development/ Naypyitaw / December 02, 2025
သနပ်ပင်မြို့နယ် မင်းရွာကျေးရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး
သနပ်ပင်၊ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းရွာကျေးရွာအုပ်စု၊ မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊နည်းဥပဒေပါအကြောင်းအရာများ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့်ဝန်ထမ်းများက (VRFP)စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေကျပ်၄၃၀သိန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် (VRFP)စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၈ဦးကို ငွေကျပ် ၁၃၆သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ဦးကို ငွေကျပ်သိန်း၁၀၀၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၆ဦးကို ငွေကျပ် ၁၉၄သိန်း၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၅၇ဦးကို ရန်ပုံငွေကျပ်သိန်း ၄၃၀ ထိထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဥ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission / Posted on December 02, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025