၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို


Ministry of Information/ Naypyitaw / June 18, 2025
image_latest


နေပြည်တော် ဇွန် ၁၈

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာတတ်အရင်းအမြစ်များ ပေါကြွယ်ဝရေးအတွက် မျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကို အဓိကထား အလေးပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ကျောင်းသား/ကျောင်းသူများအား စာမေးပွဲပထမနေ့ကို ဇွန် ၁၆ ရက်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာစစ်ဌာနအသီးသီး၌ စာမေးပွဲများ ကျင်းပပေးလျက်ရှိသည်။

ယနေ့တွင်လည်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများသည် စာမေးပွဲတတိယနေ့တွင် သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြသည်။ သင်္ချာဘာသာရပ်ဖြေဆိုမှုအနေဖြင့် ကျောင်းသား/ကျောင်းသူ ဦးရေ ၆၂၇၉၂ ဦး(ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၂ ရာခိုင်နှုန်း) ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား/ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video