ဒုတိယဝန်ကြီး ဦးအောင်ထူး E-Commerce Virtual Conference သို့ တက်ရောက်

Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


နေပြည်တော်  မေ ၂၉

E-Commerce Virtual Conference ကို မေ ၂၈ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဤကွန်ဖရင့်အား ကိုဗစ်ကပ်ရောဂါ ကြောင့် New Normal အဖြစ် Tele-Conference ပုံစံကျင်းပရာတွင် နေရာ မျိုးစုံမှ ပါဝင်တက်ရောက်နိုင်ခြင်းသည် အားသာချက်ဖြစ်ပါကြောင်း၊ Online အသုံးပြု ကူးသန်းရောင်းဝယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စနစ်တကျ ဖြစ်ပေါ်တိုးတက်စေရေးသည် ဝန်ကြီးဌာန၏ ရည်မှန်းချက် ဖြစ်ပါကြောင်း၊ E-Commerce Business Model များအရ ချိတ်ဆက် ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားတစ်ခု ဖြစ်စေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ E-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးစိတ်အားထက်သန် မှုကို ဤကွန်ဖရင့်က ပြသနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုင်ငံတော်အစိုးရက ထုတ်ပြန်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ် COVID-19 Economic Relief Plan-CERP ကို အသင်းချုပ်က ကြိုဆို ထောက်ခံပါကြောင်း၊ ကိုဗစ် ကပ်ရောဂါကြောင့် ဒစ်ဂျစ်တယ်စီးပွားရေးပုံစံ မြန်ဆန်စွာဖြစ်ထွန်းလာသဖြင့် နိုင်ငံတော်က ချမှတ်သည့် မူဝါဒများနှင့်အညီ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် E-Commerce အောင်မြင်ဖွံ့ဖြိုးစေရေးနှင့် ပြည်သူလူထုကြားတွင် ယုံကြည် လက်ခံလာစေရန် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က CERP အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာနက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ကွန်ဖရင့်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် CERP ၏ ပန်းတိုင် ၅ အောက်ရှိ E-Commerce ဆိုင်ရာဆောင်ရွက်ရန် စီမံချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရဌာန/ အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များက ရင်ဆိုင်နေရသည့် စိန်‌ခေါ်မှုနှင့် အကြံပြုချက်များအား Panel Session လေးခုဖြင့် ဆွေးနွေးခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် Industry Player များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ E-Commerce Virtual Conference သို့ အစိုးရဌာန/အဖွဲ့ အစည်းများ၊ ကော်မတီများ၊ အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသော ပြည်တွင်း ပြည်ပမှ စာရင်းပေး တက်ရောက်ခဲ့သူများ စုစုပေါင်း ၄၅၀ ရှိကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ



    • ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ တနင်္လာနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်၊ ကြာသပတေးနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၇ ရက်၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်၊ သောကြာနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download

ကြေငြာချက်များ



ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များ ထုတ်ပြန်ခြင်း

Posted on July 02, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅၇(ခ) အရ အောက်ပါနေ့ရက်များကို ထုတ်ပြန်ကြေညာအပ်ပါသည်-

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အငြိမ်းစားဝန်ထမ်းအိမ်ရာ၊ တိုက်ခန်းဝယ်ယူလိုသူများ လျှောက်ထားနိုင်ကြောင်း အသိပေးပန်ကြားချက်

Posted on July 02, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အငြိမ်းစားဝန်ထမ်းအိမ်ရာ၊ တိုက်ခန်းဝယ်ယူလိုသူများ လျှောက်ထားနိုင်ကြောင်း အသိပေးပန်ကြားချက်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ အသားထုတ်လုပ်ခွင့်(ဈေးခုံ)ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာခြင်း

Posted on July 01, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ အသားထုတ်လုပ်ခွင့်(ဈေးခုံ)ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာခြင်း


ဗီဒီယိုများ