ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


နေပြည်တော်  မေ ၂၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက ယနေ့နံနက် ၂ နာရီခန့်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ မိသားစုဝင် ကလေးတစ်ဦးအပါအဝင် သုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ် သဇင်မြိုင် ရဲကင်းစခန်းရှိ ပင်မစခန်းနေရာအား AA အကြမ်းဖက် သောင်းကျန်းသူ ၁၀၀ ခန့်က စခန်း၏ အနောက်မြောက်ဘက်မှ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၅ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်အချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းနိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်အချို့မှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ အဆိုပါ ရဲကင်းစခန်းနေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တပ်မတော်စစ်ကြောင်းများက စစ်ကူပေးနိုင်ရေး သွားရောက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်၏တရားဥပဒေစိုးမိုးရေး၊ မြို့နယ်ကျေးရွာများလုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့မှုအနေဖြင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပွိနှင့် ကျောက်တောင် ရဲကင်းစခန်း ၄ ခု အားလည်းကောင်း၊ မတ် ၉ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းအားလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အား လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း နယ်မြေ ရဲကင်းစခန်းအားလည်းကောင်း တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ မိသားစုဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

သတင်းစာများ



    • ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ တနင်္လာနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်၊ ကြာသပတေးနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၇ ရက်၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်၊ သောကြာနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download

ကြေငြာချက်များ



ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များ ထုတ်ပြန်ခြင်း

Posted on July 02, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅၇(ခ) အရ အောက်ပါနေ့ရက်များကို ထုတ်ပြန်ကြေညာအပ်ပါသည်-

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အငြိမ်းစားဝန်ထမ်းအိမ်ရာ၊ တိုက်ခန်းဝယ်ယူလိုသူများ လျှောက်ထားနိုင်ကြောင်း အသိပေးပန်ကြားချက်

Posted on July 02, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အငြိမ်းစားဝန်ထမ်းအိမ်ရာ၊ တိုက်ခန်းဝယ်ယူလိုသူများ လျှောက်ထားနိုင်ကြောင်း အသိပေးပန်ကြားချက်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ အသားထုတ်လုပ်ခွင့်(ဈေးခုံ)ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာခြင်း

Posted on July 01, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ အသားထုတ်လုပ်ခွင့်(ဈေးခုံ)ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာခြင်း


ဗီဒီယိုများ