ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ မိုခါမုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်မှု ကြည်ရှုစစ်ဆေး၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဗူးများ ထောက်ပံ့လှူဒါန်း
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ မိုခါမုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်မှု ကြည်ရှုစစ်ဆေး၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဗူးများ ထောက်ပံ့လှူဒါန်း
Ministry of Information/ Naypyitaw / June 03, 2023

နေပြည်တော်၊ ဇွန်-၃
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် အဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့တို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ခွဲများနှင့် မီးသတ်တပ်ဖွဲ့များသို့ သွားရောက်၍ လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/ စစ်သည်/မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။ ၎င်းအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA)၏ ရက် ၃၀ စတုဒိသာအလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်းသော ဒံပေါက်ထမင်း/ဟင်းလျာဗူးများ ထောက်ပံ့ပေးအပ်ပြီး ရသေ့တောင်မြို့ရှိ လူစည်ကားရာနေရာများတွင် မုန်တိုင်းသင့်ဒေသခံပြည်သူများအား ဒံပေါက်ထမင်းဗူးများ ဆက်လက် ပေးဝေလှူဒါန်းကြသည်။
ဆက်လက်၍ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာနှင့် ပဲရုံကျေးရွာများသို့ သွားရောက်၍ မုန်တိုင်းကြောင့်အမိုးလန်ပျက်စီးခဲ့သည့် အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီဆောင်ရွက် ပြီးစီးရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 24, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on September 25, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on September 25, 2023
တာဝန်မှ အနားယူခွင့်ပြုခြင်း
Ministry of Information / Posted on September 25, 2023