ကျန်းမာပျော်ရွှင် လူ့ဘောင်တွင် စဉ်ဆက်မပြတ်ရေး၊ ပြတိုက်များက စွမ်းဆောင်ပေး


Ministry of Information/ Naypyitaw / June 05, 2023
image_latest


အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၃ ရက်က အမျိုးသားပြတိုက် (နေပြည်တော်)တွင် ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့သည် နှစ်စဉ် မေလ ၁၈ ရက်နေ့ဖြစ်သော်လည်း မိမိတို့နိုင်ငံအဖို့ ယခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) နှင့် တိုက်ဆိုင်နေခြင်းကြောင့် ဇွန် ၃ ရက်သို့ ပြောင်းလဲ ကျင်းပခဲ့ရခြင်းဖြစ်သည်။

ယခုနှစ် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့၏ ဆောင်ပုဒ်မှာ “Museums, Sustainability and Well-Being” “ကျန်းမာပျော်ရွှင်လူ့ဘောင်တွင်၊ စဉ်ဆက်မပြတ်ရေး ပြတိုက်များကစွမ်းဆောင်ပေး”ဟူ၍ဖြစ်သည်။ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများအတွက် ၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သော “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(၁၇) ခု” အနက်မှ ပန်းတိုင်(၃) လူတိုင်းစေ့ ကျန်းမာရေးနှင့်သာယာဝပြောရေး၊ ပန်းတိုင်(၁၃) ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏အကျိုးသက်ရောက်မှုများကို လျော့ပါးစေရေးအတွက် အရေးကြီးလုပ်ငန်းစဉ်များ ဆောင်ရွက်ရေး၊ ပန်းတိုင် (၁၅) ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ကာကွယ်ထိန်းသိမ်းကာ ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေး၊ သဲကန္တာရများဖြစ်ပေါ်စေမှုအား ပပျောက်စေရေး၊ မြေယာ ပြုန်းတီးယိုယွင်းပျက်စီးမှုရပ်တန့်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲ ပြုန်းတီးမှုရပ်တန့်စေရေးဟူသော ပန်းတိုင်သုံးရပ်တို့ကို မျှော်မှန်းကာ ယခုနှစ်အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ်ကိုချမှတ်ထားခြင်းဖြစ်ဟု သိရသည်။

ပြတိုက်များသည် ငွေကြေးအမြတ်အစွန်းကို အဓိကမထားဘဲ အများပြည်သူကိုအသိပညာပေးရန် အမြဲတမ်းဖွင့်လှစ်၍ ဝန်ဆောင်မှုပေးရသော ပညာပေးအဖွဲ့အစည်းများဖြစ်သည်။ ၁၅ ရာစု ဥရောပတွင် စတင်ခဲ့သောပြတိုက်များသည် မူလကထူးခြားရှားပါးဆန်းပြားသောပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများနှင့် အဖိုးတန်ရတနာများ စုဆောင်းပြသခြင်းကို ဗဟိုပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြည်သူလူထုကို အသိပညာပေးရန်ဟူ၍ ပြောင်းလဲဦးတည်လာခဲ့ကြပြီး နောက်ဆုံးမျိုးဆက်ပြတိုက်များတွင်မူ ပြည်သူလူထုပူးပေါင်းပါဝင်မှုဆီသို့ ဦးတည်လာခဲ့ကြသည်။ ပြတိုက်များသည် အကြောင်းအရာ၊ ဘာသာရပ်အလိုက် အသိပညာဖြန့်ဝေပေးရာ ဗဟိုဌာနများဖြစ်ကြပြီး သုတေသီများ၊ ဗဟုသုတ ရှာမှီးလိုသူများ၊ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ် ကလေးငယ်များ စဉ်ဆက်မပြတ်စည်ကားစွာ ဝင်ထွက်သွားလာနေကြရမည့် နေရာဌာနများဖြစ်ကြသည်။

အိမ်နီးချင်းနိုင်ငံအချို့တွင် စာသင်ကျောင်းများနှင့် ပြတိုက်များချိတ်ဆက်ထားကာ ကျောင်းသင်ခန်းစာအချိန်ဇယားတွင် ပြတိုက်လေ့လာရေး အစီအစဉ်များထည့်သွင်းရေးဆွဲထားခြင်း၊ ကျောင်းသားလူငယ်ပညာပေး အစီအစဉ်များ၊ ကျောင်းသား ကျောင်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသည့် ပြပွဲပြိုင်ပွဲများ ဖိတ်ခေါ်ကျင်းပခြင်း စသည်ဖြင့် စဉ်ဆက်မပြတ် လှုပ်ရှားနေကြသည်ကိုတွေ့ရှိရသည်။ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသားအရွယ်မှစ၍ ပြတိုက်များနှင့် စာကြည့်တိုက်များကို ပညာရှာမှီးရန်အတွက် အသုံးပြုတတ်စေရေး လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။ ပြတိုက်တစ်ခု၏ အောင်မြင်မှုသည် ယင်းပြတိုက်သို့လာရောက်လေ့လာသူ မည်မျှများပြားသနည်း ဆိုသည့်အချက်ပေါ်တွင် တိုင်းတာသည်ဟုဆိုရာ စုဆောင်းမှု၊ ခင်းကျင်းပြသမှု၊ ဝန်ဆောင်မှုတို့သာမက ဖိတ်ခေါ်မှုပါ လိုအပ်မည်ဖြစ်သည်။

ယခုနှစ်အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့သည် ပြည်သူလူထုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များချမှတ်ရေးနှင့် မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ပြတိုက်များ၏ကဏ္ဍမှ ပါဝင်စွမ်းဆောင်ပေးရန် ဦးတည်ထားခြင်းဖြစ်ခြင်းကြောင့် ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုကို အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်းဖြင့် စွမ်းစွမ်းတမံဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (2/2024)

Myanmar National Human Rights Commission / Posted on April 17, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 23, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023