စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံသမိုင်းပြခန်းအား ကြည့်ရှုစစ်ဆေး
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံသမိုင်းပြခန်းအား ကြည့်ရှုစစ်ဆေး
Ministry of Industry/ Ministry of Industry / September 22, 2023

နေပြည်တော်၊ စက်တင်ဘာ (၁၆)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဆေးဝါးစက်ရုံ (အင်းစိန်) အတွင်း၌ တည်ဆောက်ထားရှိသည့် ဆေးဝါးစက်ရုံသမိုင်းပြခန်းသို့ ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး ပြသထားသည့် စက်မှုသမိုင်းဆိုင်ရာစာအုပ်စာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ စက်ပစ္စည်းများပြည့်စုံစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်သည့် စက်ပစ္စည်းများ၏ အလုပ်လုပ်ကိုင်ပုံ၊ ထုတ်နိုင်စွမ်းတို့အား ဆေးဝါးပညာသင်များ နားလည်လွယ်ကူစေရန် ပုံစံကားချပ်များ ရေးဆွဲဖော်ပြရန်၊ အဆိုပါကားချပ်များအား မှတ်တမ်း စာအုပ်ပြုစုထားရှိရန်၊ စက်အမျိုးအစားတစ်ခုချင်းစီ၏ လုပ်ဆောင်ပုံများကိုလည်း ဆေးထုတ်လုပ်ရေးပညာသင် လေ့လာသူများ ရှင်းလင်းစွာ လေ့လာသိရှိနိုင်စေရေးအတွက် ပြုစုပြသသွားရန်လိုကြောင်း၊ ဆေးဝါးစက်ရုံသမိုင်းပြခန်း၏ ဖွဲ့စည်းပုံအား ဆေးဝါးစက်ရုံ (အင်းစိန်) ၏ ဖွဲ့စည်းပုံအတွင်းမှ ဆောင်ရွက်ရန်၊ ပြခန်းအလိုက် ပြသထားသော စက်ပစ္စည်းကိရိယာများ၊ အထောက်အထားများ၊ အသုံးအဆောင်ပရိဘောဂများအား ပုံသေပိုင်စာရင်းပြုစု၍ မှတ်တမ်းစာအုပ်နှင့်တကွ စနစ်တကျထိန်းသိမ်းထားရန်၊ ဆေးဝါးထုတ်လုပ်သူပညာရှင်များ၊ ဆေးဝါးဗေဒပညာရှင်များ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အင်ဂျင်နီယာများ လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် မှတ်တမ်းအထောက်အထားများ၊ ဆေးဝါး ထုတ်လုပ်မှုနှင့် သက်ဆိုင်သော ကျမ်းစာအုပ်များ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သင်တန်းများ၏ သင်ရိုးမာတိကာများ၊ သင်ရိုးညွှန်းတမ်းများအားပြုစု၍ စုံလင်စွာပြသနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ဆေးဝါးစက်ရုံသမိုင်းပြခန်းအား အကာင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ပညာရှင်၊ အတတ်ပညာရှင်နှင့် အဖွဲ့အစည်းများအား မှတ်တမ်းတင်ထားရှိရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဆေးဝါးစက်ရုံသမိုင်းပြခန်းအတွင်း၌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၄၉၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 04, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို...
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ဆက်သွယ်ရန် ဖုန်းနံပါတ်များ
Union Civil Service Board / Posted on December 02, 2023
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ကြော်ငြာစာအမှတ် ၇/၂၀၂၃ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း