တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစား


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 25, 2022


ဘားအံ  -  နိုဝင်ဘာ (၂၅)

       နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးပြီး တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၁၈ ရက်ကြာကျင်းပခဲ့သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုက်တွန်းပြောကြားသည်။

         အဆိုပါပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဆိုင်ရာမူဝါဒများ၊ ပညာရေးပြုပြင်ပြောင်းလဲမှု၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ကမ္ဘာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို ရှင်းလင်းပြောကြားရာ၌ ထို့သို့တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။

       ထို့အတူ ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးကလည်း တိုင်းရင်းသားဘာသာစကား အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဆရာ၊ဆရာမများအား အမှာစကားပြောကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲတက်ရောက်ပြီးမြောက်ကြောင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

       အခမ်းအနားတွင် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများက ပန်းတိုင်းပွင့်ပါစေ၊ ကောက်စိုက်ချိန်၊ စကားဝါမြေ၊ နှုတ်မဆက်ချင်ဘူး တေးသီချင်းများဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြု ဆုငွေများပေးအပ်ချီးမြှင့်ကာ တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းတွင် အဆိုပါဆရာ၊ဆရာမများသည် ကရင်ပြည်နယ်အစိုးရ အဖွဲ့၏အစီအစဉ်ဖြင့် ဘားအံမြို့နှင့်ပတ်ဝန်းကျင်ဒေသများသို့ လေ့လာရေးခရီးသွားရောက်လေ့လာလည်ပတ်ကြမည် ဖြစ်သည်။

 

 

 

Newspaper

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်၊ ဒီဇင်ဘာ ၂ ရက် ၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်၊ ဒီဇင်ဘာ ၁ ရက် ၊ ၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၈ရက် ၊ နိုဝင်ဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

Ministry of Information / Posted on November 29, 2022

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ)အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁...

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၄၆/၂၀၂၂)

Union Civil Service Board / Posted on November 29, 2022

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၄၆/၂၀၂၂)

Video