နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်မြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်မြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / July 04, 2022
နေပြည်တော် ဇူလိုင် ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အစည်းအဝေးခန်းမတွင် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်းက လေတပ်စခန်းဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နယ်မြေဒေသလုံခြုံရေးနှင့် ပိုင်နက်ပင်လယ်ပြင် လုံခြုံရေးကင်းလှည့်ဆောင်ရွက်နိုင်မှု၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှု၊ စိုက်ပျိုးမွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ဒေသခံပြည်သူလူထု၏ကျန်းမာရေး၊ လူမှုရေးနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသနှင့် ပိုင်နက်ပင်လယ်ပြင်စိုးမိုးရေးအတွက် ရေဒါစနစ်ဖြင့် ကင်းထောက်ခြင်း၊ လေကြောင်း၊ ရေကြောင်းကင်းလှည့်ခြင်းများ ဆောင်ရွက်ပြီး ပိုင်နက်နယ်နိမိတ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့ကို တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေခံ ရေတပ်၊ လေတပ် ဌာနချုပ်များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး အမြဲအသင့်ဖြစ်နေရမည် ဖြစ်ကြောင်း၊ ပင်လယ်ကမ်းစပ်နှင့် မြစ်ဝကျွန်းပေါ်လုံခြုံရေးကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲတမ်းစောင့်ကြည့်နေရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူရေးနှင့်စိုက်ပျိုးရေး အပြန်အလှန်အခြေခံပြီး အထွက်နှုန်းကောင်းသည့်၊ အကျိုးရှိသည့်စိုက်ပျိုးမွေးမြူရေးဖြစ်အောင် တွက်ချက်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေး၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာစားသုံးနိုင်ရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေတပ်ဌာနချုပ် ကာကီကင်းဘဲမွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ ရာသီသီးနှံစိုက်ခင်းတို့ကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းတွင် မြစ်ကြမ်းခင်းမြေသားစွမ်းအင်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်တို့က မြစ်ကြမ်းခင်းမြေသား စွမ်းအင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပုသိမ်မြို့သို့ ပင်လယ်ကူး သင်္ဘောကြီးများဝင်ထွက်ခဲ့ကြောင်း၊ ရေလမ်းကြောင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်း၍ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက ပုသိမ်မြို့သို့ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်ကြောင်း၊ အလားတူ ငဝန်မြစ်ရေကို ထိန်းသိမ်း၍ စိုက်ပျိုးရေးအတွက်လိုအပ်သည့် နေရာများတွင် အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပျမ်းမျှမိုးရွာ သွန်းရက်မှာ ၁၂၀ ကျော် ခန့်သာဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင် စီမံကိန်းများဖြင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ရေများရရှိအောင်ဆောင် ရွက်ရန်လိုကြောင်း၊ ရေချိုများကိုစနစ်တကျဖြင့် အသုံးချရန်လိုကြောင်းမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြမ်းခင်းမြေသား စွမ်းအင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
Myanmar National Human Rights Commission Statement No. (2/2024)
Myanmar National Human Rights Commission / Posted on April 17, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်(၂/၂၀၂၄)
Myanmar National Human Rights Commission / Posted on April 17, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း
Naypyitaw Development Committee / Posted on April 23, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်း