ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တောင်ကြီးမြို့ရှိ သစ်တော၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုရေးရာကဏ္ဍတို့မှ ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / May 31, 2023
image_latest


နေပြည်တော် မေ ၃၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်တာဝန်ခံများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက သစ်တောဆိုင်ရာ အချက်အလက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များ၊ သတ္တုဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် တပ်ဆင်ထားသော လေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေး တိုင်းတာဆောင်ရွက်နေမှု၊ ဓာတ်ခွဲခန်းအတွင်း အင်းလေးကန်နှင့် တောင်ကြီးဒေသ ရေထွက်မှရေနမူနာနှင့် စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော ရေနမူနာများဓာတ်ခွဲစမ်းသပ်နေမှု၊ ရွေ့လျားလေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေး တိုင်းတာဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၄)

Union Civil Service Board / Posted on March 28, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၄)

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

Ministry of Information / Posted on March 27, 2024

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023