မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီး နှုတ်ဆက်ပွဲနေ့ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / June 05, 2023
image_latest


ရန်ကုန် ဇွန် ၄

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက်မှစတင်၍ ဖျော်ဖြေတင်ဆက်ခဲ့ရာ ယနေ့နောက်ဆုံးနှုတ်ဆက်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကြည့်ရှုအားပေးကြသည်။

အဆိုပါ ရန်ပုံငွေပဒေသာဖျော်ဖြေပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ နာယကများနှင့် ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ ကြည့်ရှုအားပေးကြသည်။

ဖျော်ဖြေမှုစတင်ချိန်တွင် မြန်မာ့ဆိုင်းဝိုင်းနှင့် ခေတ်ပေါ်သံစဉ်တို့ဖြင့် စတင်ဖွင့်လှစ်ပြီး ယနေ့တင်ဆက်မည့်အစီအစဉ်များကို တင်ဆက်ပြောကြားသည်။ ဆက်လက်၍ ရခိုင်စည်တော်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အပျိုတော်လမိုင်းအကတို့ဖြင့် ဖျော်‌ဖြေကြပြီး အဖွင့်ပမာဏတေးအဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင် မောင်နှမများဖြစ်ကြသည့် ရန်အောင်၊ ရဲအောင်၊ နေထက်လင်း၊ ကျော်ကျော်၊ ဘုန်းလျှံ၊ မေသန်းနု၊ မေသဉ္စာဦး၊ ခိုင်နှင်းဝေ၊ ဆောင်းအိန္ဒြေထွန်း၊ ဆုမြတ်နိုးဦး၊ ဟံဇိန်း၊ ဘွန်း၊ ဩရသ၊ ရဲရဲ၊ အောင်ဇမ္ဗူ၊ ဝေလင်းထက်၊ တခိုင်လုံးရွှေအေးအေးမြင့်၊ ချယ်ရီသင်း၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊ ချမ်းချမ်းမိုး၊ မေမြတ်နိုးခင်၊ နိုဘယ်လှိုင်၊ မြင့်မိုရ်သွန်းခ၊ ထက်ထက်စိုးစံ၊ နှင်းထက်ရွှေရည်၊ စိုးယုနန္ဒာ၊ ဖြိုးသဇင်၊ အောင်ကိုကို၊ ချစ်ကိုကို၊ မျိုးခန့်မောင်မောင်၊ အောင်စံထူး၊ မြတ်မင်းခေါင်တို့က မြူးကြွသွက်လက်သည့် သံစဉ်များဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် ရုပ်ရှင်သရုပ်ဆောင်အနုပညာရှင်များက မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေများလှူဒါန်းကြပြီး ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရန်အောင်၊ ရဲအောင်၊ နေထက်လင်း၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေနှင့် အနုပညာရှင်များက အလှူရှင်ပရိသတ်တို့၏ စေတနာတရားထက်သန်စွာ လက်ရောက်လှူဒါန်းမှုကို လက်ခံကုသိုလ်ယူကြသည်။ ယင်းနောက် တေးသံသာကဏ္ဍတွင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ စိမ့်နေခြည်၊ သွန်း၊ သဟာအောင်တို့ကလည်း‌ကောင်း၊ ဟာသပညာရှင်များအစည်းအရုံးမှ ဟာသဖျော်ဖြေမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ “ခမ်းနား လှပသဘင့်မြိုင်ထ” အစီအစဉ်တွင် ဘွန်း၊ ဩရအောင်၊ အောင်ဇမ္ဗူ၊ ရဲရဲ၊ သူရဝင်းထွဋ်၊ မင်းဗိုလ်၊ ဝေလင်းထက်၊ ဆန်းနေအောင်၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊ ချမ်းချမ်းမိုး၊ သဉ္ဇာရဲဝင်း၊ နိုဘယ်လှိုင်၊ မေမြတ်နိုးခင်၊ သဒ္ဒါသိမ့်၊ မြနှင်းဆီတို့ကလည်းကောင်း၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အာဇာနည်စန်းစန်းအဖွဲ့၏ ဆပ်ကပ်ဖျော်ဖြေမှုကိုလည်းကောင်း၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်း ဖြစ်)၏ “ပြန်လည်နိုးထကြပါစို့”တေးအော်ပရာ တွင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ အောင်ရေချမ်း၊ အေးမြဖြူနှင့် Life @ Dance, RVC Dance Group တို့ကလည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေးများအား စိုးသူ၊ သာထက်၊ ဆောင်းအိန္ဒြေထွန်းတို့ကလည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ပတ္တမြားဒေဝီ စောမဲကြည်အော်ပရာကဏ္ဍ၌ တေးဆို စိမ်းလဲ့လဲ့နှင့်အတူ ဘုန်းလျှံ၊ အာရိယန်၊ ဟီလာရီစိုးတို့ကလည်းကောင်း၊ တေးသံသာကဏ္ဍတွင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ အိမ့်ချစ်၊ အိုင်ရင်းဇင်မာမြင့်၊ ရဲလေးတို့ကလည်းကောင်း၊ သဘင်တေးသံသာအစီအစဉ်တွင် စွမ်းဇာနည်၊ ဝင်းနောင်၊ ဇံဟိန်းတို့ကလည်းကောင်း မြူးကြွလန်းဆန်းသော တေးသီချင်းများဖြင့် ‌ဖျော်ဖြေတင်ဆက်ကြပြီး ရန်ပုံငွေပဒေသာကပွဲကြီး၏ နှုတ်ဆက်ပွဲနောက်ဆုံးအစီအစဉ်ဖြစ်သည့် “စွမ်းအားမြင့်မားသဘင်နှစ်ပါးသွား” ဖျော်ဖြေရေးကဏ္ဍ၌ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ရွှေမန်းချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်းနှင့် သဘင်အနုပညာရှင်များ ပူးပေါင်း၍ အားပါးတရ ကပြဖျော်ဖြေတင်ဆက်ကြသည်။

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက်မှ ၄ ရက်အထိ ဖျော်ဖြေတင်ဆက်ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးအနေဖြင့် အနုပညာလောကသား တို့စုပေါင်း၍ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများကို ကူညီပံ့ပိုးကြရန် ရည်ရွယ်ချက်ဖြင့် ဤပဒေသာ ကပွဲကြီးကို စီစဉ်ကပြခဲ့ခြင်းဖြစ်ရာ ကူညီပံ့ပိုးကြရာ၌လိုအပ်သော ငွေကြေးပစ္စည်းပစ္စယများအပြင် အနုပညာလောကသားတို့၏ ဖြူစင်သောမေတ္တာ၊ သန့်ရှင်းသောစေတနာကို ပြသနိုင်ခဲ့ခြင်းဖြစ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများ ကြေကွဲပူဆွေးနေသော စိတ်ခံစားမှုများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟူသော ယုံကြည်မှုနှင့်အတူ ဤပဒေသာကပွဲကြီးကို သုံးရက်တိုင် တတ်ကျွမ်းသည့်အနုပညာစွမ်းအားဖြင့် ပူးပေါင်းလက်တွဲထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ကြေညာချက်

Ministry of Information / Posted on April 25, 2024

ကြေညာချက်

Myanmar National Human Rights Commission Statement No. (2/2024)

Myanmar National Human Rights Commission / Posted on April 17, 2024

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023