ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)ထူးချွန်သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်၊ ဘားအံခရိုင် Community Centre ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲနှင့် အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲကျင်းပ
ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)ထူးချွန်သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်၊ ဘားအံခရိုင် Community Centre ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲနှင့် အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 21, 2023

ဘားအံ - နိုဝင်ဘာ (၂၁)
ပြည်တွင်းမှရရှိသည့်ကုန်ကြမ်းပစ္စည်းများကိုအခြေခံ၍ သွင်းကုန်အစားထိုးသည့်ရက်ထည်များကို အရည် အသွေးပြည့်မီစွာထုတ်လုပ်ရောင်းချနိုင်ရန် ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ထူးချွန်သင်တန်း သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်သည့်အခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း (ဘားအံမြို့) မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမျိုးသမီးများအတွက်ဝင်ငွေတိုးတက်ရေးလုပ်ငန်းစီမံကိန်း တိုင်းရင်းသားဂျပ်ခုတ်နည်းပညာသင်တန်းမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့်သူများအားပေးအပ်ခြင်းဖြစ်ပြီး ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် ပေးအပ်သည်ဒေသဖွံ့ဖြိုးရေးသုံး လုပ်ငန်းသုံးပစ္စည်းများကိုအသုံးချပြီး အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေခြင်း၊ ရိုးရာဂျပ်ခုတ်ရက်ကန်း လုပ်ငန်းများထူထောင်လာနိုင်စေခြင်းဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်လာနိုင်စေမည်ဖြစ်ပြီး မိသားစုများ ဝင်ငွေတိုးပွားရရှိလာစေမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းများထူထောင်ပြီး တိုင်းရင်းသားရိုးရာဂျပ်ခုတ်အဝတ် အထည်များ ပိုမိုထုတ်လုပ်ရောင်းချနိုင်သော အောင်မြင်သည့်လုပ်ငန်းရှင်ကြီးများ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက တိုင်းရင်းသားရိုးရာဂျပ်ခုတ် နည်းပညာသင်တန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တိုင်းရင်းသားဂျပ်ခုတ်နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူများအား တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းခန့်တန်ဖိုးရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း (ရက်ကန်း စင်နှင့်ဆက်စပ်ပစ္စည်း)များ ထောက်ပံ့ပေးအပ်ကာ ထူးချွန်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထောက်ပံ့ပေးအပ်သည့် ရက်ကန်းစင်နှင့်ဆက်စပ်ပစ္စည်းများ၊ သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ လက်တွေ့ရက်ကန်းခက်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အခမ်းအနားမှူး(Master Of Ceremony)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲနှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၃)ဆင်းပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် Community Centre ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲနှင့်ဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခမ်းအနားတစ်ခုအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အခမ်းအနားမှူး၏ အခန်းကဏ္ဍသည် အင်မတန်မှအရေးကြီးပြီး မိမိတာဝန်ယူရသည့်အခမ်း အနား၊ အစည်းအဝေးများကို ချောချောမွေ့မွေ့အဆင်ပြေပြေ ပြီးမြောက်စေရမည်ဟူသည့် ကိုယ့်ကိုကိုယ်ယုံကြည် စိတ်ချမှုအပြည့်အဝရှိရန် အလွန်အရေးကြီးကြောင်း၊ အလားတူ ဌာနဆိုင်ရာဝန်ထမ်းများနှင့်လူငယ်၊လူရွယ်များသည် အခြေခံကွန်ပျူတာဘာသာရပ်ကို တတ်မြောက်ထားရန်အထူးလိုအပ်ပြီး ကွန်ပျူတာကိုကိုင်တွယ်အသုံးချတတ်ရန် အမြဲလေ့လာသင်ယူနေရမည့် ဘာသာရပ်ဖြစ်သကဲ့သို့ မိမိဘဝအောင်မြင်တိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူပြုသည့် ပညာရပ်လည်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့ခေတ်လူငယ်များ၏ အခန်း ကဏ္ဍကို ဘက်စုံထောင့်စုံဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ယင်းတို့၏အောင်မြင်မှုများကိုလည်း ထိုက်ထိုက်တန်တန်ဂုဏ်ပြုပေးလျက်ရှိပြီး လူငယ်များ အဘက်ဘက်မှပြည့်စုံအောင်၊ ဘက်စုံတော်အောင် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းဆိုင်ရာ များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းများဖွင့်လှစ်နိုင်ရေးထောက်ပံ့ငွေများပေး အပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်မျာက အခြေခံကွန်ပျူတာသင်တန်းသင်တန်းထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် ၍ ဘားအံခရိုင် Community Centre လူထုအခြေပြုဗဟိုဌာနရှိ စာအုပ်သိုလှောင်ခန်း၊ ကွန်ပျူတာခန်းနှင့် ရွှေ့လျား စာကြည့်တိုက်တို့ကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသတင်းရရှိသည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများ၏ စကားအပြောအဆိုဆိုင်ရာ စွမ်းရည်အရည်အသွေးများကို လက်တွေ့နယ်ပယ် တွင် စကားပြောကောင်းခြင်း၊ ယဉ်ကျေးချေငံခြင်း၊ စကားလုံးကြွယ်ဝခြင်း၊ ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ စကားအရာပြောဆို နိုင်ခြင်းနှင့် အရည်အသွေးများကို ဖော်ထုတ်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စကားပြောနည်းအမျိုးမျိုးအနက် စကားရည်လု ပြောဆိုရခြင်းသည် အခြားပြောဆိုခြင်းများထက်ပိုမိုခက်ခဲပြီး စကားလုံးပြောင်မြောက်ခြင်း၊ စကားအသုံးအနှုန်း ကောင်းမွန်ခြင်း၊ လှုပ်ရှားတက်ကြွသောဟန်အမူအရာရှိခြင်း၊ အင်အားကောင်းသောစကားလုံးများနှင့်ချက်ကျလက်ကျ ပီပီပြင်ပြင် ပြောဆိုနိုင်ခြင်းအပြင် ပရိတ်သတ်၏ခံစားချက်နှင့်အတွေးကို မိမိတို့ဘက်သို့ပါအောင် ဆွဲဆောင်ပြောဆို နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ စကားပြောစွမ်းရည်ထက်မြတ်လာရန်စကားရည်လုပွဲများကျင်းပခြင်းဖြင့် မြန်မာစာပေကို ချစ်မြတ်နိုးကာ မြန်မာစာအခြေခံခိုင်မာပြီး ကျွမ်းကျင်စွာတတ်မြောက်၍ လက်တွေ့ဘဝတွင်လည်း ပိုမိုအကျိုး ဖြစ်ထွန်းစေမည့် အပြောစွမ်းရည်ရရှိစေရန် ကျောင်းသားလူငယ်များ၏ လေ့လာသင်ယူမှုကို မြှင့်တင်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်မည့် ဒိုင်အဖွဲ့များနှင့် မိတ်ဆက်တင်ပြပြီး စကားရည်လုပြိုင်ပွဲကို ကျင်းပရာ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်ကြီး၊ ဖာပွန် မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ကျောင်းတွင် ကျောင်းသား၊ကျောင်း သူများအား Cell Phone ကိုင်ဆောင်ခွင့်ပြုသင့်သည်၊ တစ်ဦးချင်းခရီးသွားခြင်းသည် အဖွဲ့လိုက်ခရီးသွားခြင်းထက် ပိုကောင်းသည်၊ Social Media သည်စိတ်ကျန်းမာရေးကိုထိခိုက်စေသည်၊ Online သင်ယူခြင်းသည် သမရိုးကျ စာသင်ခန်းသင်ကြားခြင်းကဲ့သို့ ထိရောက်မှုရှိသည် ခေါင်းစဉ်များဖြင့် အဆိုနှင့်အချေကို စကားရည်လုယှဉ်ပြိုင်ခဲ့ ကြသည်။
ယင်းနောက် အမှတ်(၁၀)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက တို့ချစ်တဲ့ မြန်မာပြည်သီချင်း၊ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက သွေးချင်းတို့မြေ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စကားလုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က စကားရည်လုပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးဆု၊ အဖွဲ့လိုက်အကောင်းဆုံးအဆိုရှင်ဆုနှင့် အဖွဲ့လိုက်အကောင်းဆုံးအခြေရှင်ဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။
Newspaper

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 10, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကြေညာချက်
Ministry of Information / Posted on December 09, 2023
ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီစာရင်း
Ministry of Labour / Posted on December 08, 2023
အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင်၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ထိဖြေဆိုသူနှင့် အောင်မြင်သူစာရင်း
Ministry of Labour / Posted on December 08, 2023