အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 25, 2022


ဘားအံ  -  နိုဝင်ဘာ  (၂၅)

       “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေး” ဆောင်ပုဒ်ဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

         အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းအမျိုးသမီးများအပေါ် အကြမ်း ဖက်ခြင်းဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်း တို့ကို သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်ခံရသူများအား တရားရင်ဆိုင်ခရီးစရိတ်နှင့်အသက်မွေး ဝမ်းကျောင်းစရိတ်များကို လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများစီစဉ်ပေး ခြင်း၊ အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် One Stop Women Support Center (OSWSC) များဖွင့်လှစ်နိုင်ရေး မြေနေရာချထားပေးပြီး မကြာမီဝန်ဆောင်မှုများပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများအဆုံးသတ်ပပျောက်ရေးအတွက် ပြည်သူတစ်ဦး တစ်ယောက် ချင်းမှအစပြု၍ အားလုံးအတူတကွပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

       ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးများအရေးကိုတက်ကြွစွာဆောင်ရွက်လျက်ရှိသော အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအသိပညာပေးဆိုင်ရာ Video Clip ကို အတူတကွကြည့်ရှုအားပေး ခဲ့ကြပြီး အမျိုးသမီးငယ်လေးများက Fiftness Dance ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

 

 

 

 

Newspaper

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 06, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (20-11-2023) / Burmese (Myanmar) Version)


Publisher: Information Sheet/ November 21, 2023

Publication Date: 2023

Page: 30

Language: Burmese (Myanmar) Version)

Download

Information Sheet (20-11-2023) / English Version


Publisher: Information Sheet/ November 21, 2023

Publication Date: 2023

Page: 30

Language: English Version

Download

Announcement

ဥပ္ပါတသန္တိကျမ်းမြတ်အား အများပြည်သူ ကြည်ညိုနိုင်ရန် ပူဇော်ခြင်း

Ministry of Religious Affairs & Culture / Posted on December 05, 2023

ဥပ္ပါတသန္တိဝတ်ရွတ်စဉ်စာအုပ်  -   PDF   ဥပ္ပါတသန္တိကျမ်းအသံဖိုင်      -   https://drive.google.com/file/d/1Y4IpSrehy0x09VJLGKFXksTYhD9fJheQ/view?us

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ အများသိစေရန်အသိပေးကြေညာခြင်း

Naypyitaw Development Committee / Posted on December 05, 2023

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ အများသိစေရန်အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၂၄၀ / ၂၀၂၃

Ministry of Information / Posted on December 04, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၂၄၀ / ၂၀၂၃

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023