“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ကျင်းပပြုလုပ် ဧရာဝတီ၊ နိုဝင်ဘာ ၁၈
“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ကျင်းပပြုလုပ် ဧရာဝတီ၊ နိုဝင်ဘာ ၁၈
Ministry of Ethnic Affairs/ ဧရာဝတီ / November 21, 2023
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၈.၁၁.၂၀၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ နေရောင်ကာကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမိတ်ဆက်နှင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒေါ်ခင်ထွေးကြည် က ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးများနှင့် လူမှုရေးပင်စင်စသည့်အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက မျိုးကောင်း မျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များအကြောင်း၊ ဆားရည်စိမ်စိုက်ပျိုးနည်းများ၊ မြေပြုပြင်ခြင်းလုပ်ငန်းများ၊ ပိုက်ဆံလျှော်စိုက်ပျိုးနည်းများနှင့် အကျိုးကျေးဇူးများ၊ စပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုအထွက်တိုးစေရေးလုပ်ဆောင်ရမည့် နည်းလမ်းများ အကြောင်းကိုလည်းကောင်း၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေးက မှုခင်းဆိုင်ရာသိမှတ်ဖွယ်ရာ များကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှုး ဒေါ်သီသီအောင်က မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသော အသေးစားဓါတ်အားပေးစီမံကိန်းများ နှင့် ဆိုလာစီမံကိန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြား ခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးဦးဆောင်၍ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၆၇)ဦးတို့မှ ဖြေဆို ခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသူ များအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနား ကို ရုတ်သိမ်း ခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
Newspaper

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 10, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကြေညာချက်
Ministry of Information / Posted on December 09, 2023
ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီစာရင်း
Ministry of Labour / Posted on December 08, 2023
အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင်၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ထိဖြေဆိုသူနှင့် အောင်မြင်သူစာရင်း
Ministry of Labour / Posted on December 08, 2023