(၂၂) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကျင်းပ


Ministry of Home Affairs/ နေပြည်တော် / May 28, 2023


      (၂၂) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေး (22nd Meeting on Cooperation to Combat Trafficking in Persons between Myanmar Police and Department of Special Investigation) ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်၊ Park Royal Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

      အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ် ၁၅ ဦးနှင့် ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Pol. Maj. Arit Tatsaphan ဦးဆောင်သော ကိုယ်စားလှယ် ခြောက်ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၂၁ ဦး တက်ရောက်ခဲ့ကြသည်။

      အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်က Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလအတွင်း နယ်စပ်ဖြတ်ကျော်ဖြစ်ပွားသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှု ကြိုတင် ကာကွယ်ရေးကိစ္စရပ်များ၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ နိုင်ငံခြားသားများ တရားမဝင်လာရောက်အလုပ်လုပ်ကိုင်မှု ဖြစ်စဉ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်း၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းရာတွင် လူကုန်ကူးခံရခြင်းမရှိသူများကို လူကုန်ကူးခံရသူ(Victim)အဖြစ် သတ်မှတ်လွှဲပြောင်းပေးမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

Newspaper

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Announcement

Video