(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ-မုရစ်ကလေး-ကမာကေးလမ်းပေါ်ရှိ တံတားအမှတ် (၆/၆) သံကူကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ
(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ-မုရစ်ကလေး-ကမာကေးလမ်းပေါ်ရှိ တံတားအမှတ် (၆/၆) သံကူကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 19, 2023

နေပြည်တော် မတ် ၁၉
(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ-မုရစ်ကလေး-ကမာကေး လမ်းပေါ်ရှိ တံတားအမှတ် (၆/၆)၊ ပေ ၈၀ အရှည် သံကူကွန်ကရစ် တံတားဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက တံတားတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဉီးမှ တံတားဆောက်လုပ်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါတံတားသည် ချောင်းဆုံမြို့နယ် မုရစ်ကလေးရွာနှင့် ကမာကေးရွာတို့ကို ဆက်သွယ်ပေးထားသည့် သံကူကွန်ကရစ်ယက်မကြမ်းခင်းနှင့် လက်ရန်းအမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀ ပေ၊ တံတားအကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ ရှိပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးရန်ကျော်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဉီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ခုံသမာဓိအဖွဲ့၏ အငြင်းပွားမှုအမှတ် (၆/၂၀၂၃)ဆုံးဖြတ်ချက် မိတ္တူမှန်
Ministry of Labour / Posted on March 24, 2023
ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း
Ministry of Defense / Posted on February 23, 2023
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၃)
Union Civil Service Board / Posted on March 23, 2023
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၃)