ကရင်ပြည်နယ်သို့ လာရောက်လေ့လာလည်ပတ်ပြီး ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ခရီးစဉ်ဒေသများကို ပြင်ဆင်ထား


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 23, 2023


ဘားအံ - စက်တင်ဘာ (၂၂)

ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၉/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က မိမိတို့ပြည်နယ်သည် စိမ်းလန်းစိုပြေသော တောတောင်ရေမြေစိမ့်စမ်းသဘာဝလိုဏ်ဂူများဖြင့် ခရီးသွားလည်ပတ် အပန်းဖြေရန် ကောင်းမွန်သောပြည်နယ်တစ်ခုဖြစ်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့လာ လည်ပတ်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ခရီးစဉ်ဒေသများကို ပြင်ဆင်ထား ကြစေလိုကြောင်း၊ ပွင့်လင်းရာသီတွင် ခရီးစဉ်ဒေသများ၌ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလို ပြီး ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များမှ အချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ပွင့်လင်းရာသီ (ခရီးသွားရာသီ)အတွက် ခရီးစဉ်ဒေသများ၊ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သင့်တင့် သောနှုန်းထားဖြင့် အဆင့်အတန်းမီမီ တည်းခိုလည်ပတ်နားနေနိုင်ရေးနှင့် ထူးဆန်းပြီးအံ့ဩဖွယ်ရာခရီးစဉ်ဒေသများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဒေသကော်မတီမှလုပ်ငန်းဆောင်ရွက်နေမှုနှင့် ယခုအစည်း အဝေးတွင် အတည်ပြုဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ်ဇေးဗီးယဲကက်သလစ် ဘုရားရှိခိုးကျောင်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အမှတ်(၉)ရပ်ကွက်ရှိ ဂရုဏာဧဝံမေလိ AG အသင်းတော်၊ ကမော့ကစင်ရွာသစ်ရှိ မိတ်သဟာယအသင်းတော်များသို့ သွားရောက်ပြီး ဂုဏ်တော်(ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သာသနာပိုင်၊ သင်းအုပ်ဆရာတော်၊ လက်ထောက် သင်းအုပ်ဆရာ၊ ဘားအံခရစ်ယာန်အသင်းတော်ကောင်စီဝင်များ၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုးသမီး ခေါင်းဆောင်များအား သက်ဆိုင်ရာခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များအလိုက် သီးခြားစီဂါရဝပြုတွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင် များနှင့် ပြည်နယ်သူ၊ပြည်နယ်သားများအားလုံး ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း၊ ငြိမ်းချမ်းရေးသည်အရေးကြီးပြီး ငြိမ်းချမ်းမှုရှိမှသာ ဘာသာသာသနာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး အစရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ချက်များအပေါ် လိုအပ်ချက်များရှိပါကရင်းနှီးပွင့်လင်းစွာအကြံပြုဆွေးနွေးနိုင်ပါကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်၍ ငြိမ်းချမ်းရေးဆုတောင်းမေတ္တာများပို့သပေးကြစေလိုကြောင်း ဂါရဝပြုဆုတောင်စကားပြောကြားပြီး ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များ၏ သာသနာပိုင်များ၊ သင်းအုပ်ဆရာတော်များအား ဂါရဝလက်ဆောင် နှင့် ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်းများအားပေးအပ်ရာ သင်းအုပ်ဆရာတော်များနှင့်တာဝန်ရှိသူများက ဂါရဝလက်ဆောင်များပြန်လည်ပေးအပ်၍ ငြိမ်းချမ်းရေးဆုမွန်ကောင်းစကားများပြောကြားကာ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြပါသည်။

 

Newspaper - 2570 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: English Version

Download