နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / July 15, 2022

နေပြည်တော် ဇူလိုင် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲ Mr.Alexander Beglov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်တို့တက်ရောက်ကြပြီး စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ဝင်အရာရှိကြီးများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခင်မင်ရင်းနှီးစွာ ကြိုဆိုကြောင်းနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ကောင်းမွန်သည့် ဆက်ဆံရေး သမိုင်းကြောင်းသည် နှစ်ပေါင်း ၇၅ နှစ် ကျော်ရှိပြီဖြစ်သည့် အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့အခြေစိုက် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်လိုသည့် အခြေအနေများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ ဘာသာသာသနာ ထွန်းကားပြန့်ပွားရေးအတွက် ယဉ်ကျေးမှုဖလှယ်ရေးရာနယ်ပယ် စသည်ဖြင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ။
မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အပြင် ကောင်းမွန်သည့် မူဝါဒများချမှတ်၍ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အမျိုးသား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ၊ ဇူလိုင်လ ၁ ရက်တွင် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသားများကို မိတ်ဆွေရင်းနိုင်ငံပီသစွာ ဗီဇာကင်းလွတ်ခွင့် ပေးခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသားများအားလုံးကိုယ်စား ကျေးဇူးတင်ရှိသည့် အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ state level၊ regional level ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးခွန်းများကို အတူတကွ ဖြေကြားခဲ့ကြသည်။
ထို့နောက် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အစိုးရအဖွဲ့ရုံးအတွင်း လှည့်လည်ပြသ၍ နိုင်ငံ့ခေါင်းဆောင်များ ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ရုံးခန်းများနှင့် ရုံးဖွဲ့စည်း ဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 2189 items

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မတ် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ မတ် ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 24, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပေါင်းလကွယ်နေ့၊ မတ် ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download