နိုင်ငံတော်ပိုင် မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ
နိုင်ငံတော်ပိုင် မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ
Ministry of Information/ Naypyitaw / September 20, 2023

နေပြည်တော် စက်တင်ဘာ ၁၉
နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင်လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်များကိုပါ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမဦးဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် စက်တင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စတင်ပျံသန်းပြေးဆွဲခဲ့သည်။
အဆိုပါ Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံသို့ ယခုလ ၁၅ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကုန်တန်ချိန်အားဖြင့် ၁၈ တန် အထိ သယ်ဆောင်နိုင်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့သို့လည်း ထပ်မံတိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲခြင်းဖြင့် နိုင်ငံ၏ ပို့ကုန်/သွင်းကုန် တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးရာလည်း ရောက်မည်ဖြစ်သည်။ ယနေ့ပထမဦးဆုံးပျံသန်းသည့် ကုန်တင်လေယာဉ်ခရီးစဉ်တွင် ကုန်စည်စုစုပေါင်းတန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2583 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 10, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
Information Sheet (6-12-2023) / Burmese (Myanmar Version)
Publisher: Information Sheet/ December 08, 2023
Publication Date: 2023
Page: 31
Language: Burmese (Myanmar Version
Download
Information Sheet (6-12-2023) / English Version
Publisher: Information Sheet/ December 08, 2023
Publication Date: 2023
Page: 31
Language: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
Information Sheet (4-12-2023) / Burmese (Myanmar Version)
Publisher: Information Sheet/ December 06, 2023
Publication Date: 2023
Page: 38
Language: Burmese (Myanmar Version)
Download
Information Sheet (4-12-2023) / English Version
Publisher: Information Sheet/ December 06, 2023
Publication Date: 2023
Page: 38
Language: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 06, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download