ပခုက္ကူနှင့် သပိတ်ကျင်းမြို့နယ်တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းများ၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ
ပခုက္ကူနှင့် သပိတ်ကျင်းမြို့နယ်တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းများ၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ
Ministry of Home Affairs/ နေပြည်တော် / May 26, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ၏ တောင်ဘက်ရှိ လေယာဉ်ကွင်းအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ် လေယာဉ်ကွင်းလမ်း၏ ဝဲဘက်ခြမ်းမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ ရှော့တိုက်ရာတွင် အသုံးပြုသည့် ဘက်ထရီအိုး တစ်လုံး၊ ဆော့ကဒ် တစ်ခု၊ ပေ ၃၀၀ ခန့်ရှိ ဝိုင်ယာကြိုးတစ်ချောင်းတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ မန္တလေး-မြစ်ကြီးနားကားလမ်း၌ PDF အမည်ခံ အကြမ်းဖက်သမားများက အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၅ ဦးခန့်က လက်လုပ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၂ ဦး သေဆုံးကာ အခင်းဖြစ်နေရာအနီးမှ လက်လုပ်သေနတ် တစ်လက်၊ လက်လုပ်မိုင်း ၂ လုံး၊ နိုင်လွန်ကြိုးအသေးတစ်ခွေနှင့် ဆိုင်ကယ်ဘက်ထရီအိုး ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါ သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျ သိမ်းဆည်းရှင်းလင်းခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 2273 items

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ရက်၊ မေ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ မေ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ မေ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ မေ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ မေ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ မေ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download