ပခုက္ကူ၊ ကျောက်တံခါးနှင့် ရေစကြိုမြို့နယ်တို့၌ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းနှင့် Drone ယာဉ်များ အသုံးပြုကာ ဗုံးသီးများ၊ Drop Bomb များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
ပခုက္ကူ၊ ကျောက်တံခါးနှင့် ရေစကြိုမြို့နယ်တို့၌ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းနှင့် Drone ယာဉ်များ အသုံးပြုကာ ဗုံးသီးများ၊ Drop Bomb များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / March 19, 2023
ပခုက္ကူ၊ ကျောက်တံခါးနှင့် ရေစကြိုမြို့နယ်တို့၌ အကြမ်းဖက်သမားများက လက်လုပ်စိန် ပြောင်းနှင့် Drone ယာဉ်များ အသုံးပြုကာ ဗုံးသီးများ၊ Drop Bomb များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က လက်လုပ် စိန်ပြောင်းဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်းပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီး ၁ လုံး မှာ ကျေးရွာ အတွင်းရှိ လျှပ်စစ်ဝန်ထမ်းအိမ်ရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာ နေသူများဖြစ်သည့် ကိုဝင်းမင်းစိုး(၃၇)နှစ် (ဘ)ဦးတင်ဝင်း၊ ကိုချမ်းကို(၃၃)နှစ် (ဘ) ဦးမောင်ကံ၊ မောင်သီဟဇော်(၂)နှစ် (ဘ)ဦးမောင်စိုးနှင့် မမိုးပြည့်စုံ(၁၇)နှစ် (ဘ)ဦးမောင်စိုးတို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာ များရရှိခဲ့၍ ဆေးကုသနိုင်ရေး ညောင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အလယ်ကျွန်း ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများက Drone ယာဉ်ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက် ခဲ့သည့်အတွက် Drop Bomb ၂ လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာတွင် ဖြတ်သန်းသွားလာနေသည့် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ မြို့မ(၁) ရပ်ကွက်နေ ဦးဝင်းဇော်(၄၆)နှစ် (ဘ)ဦးစိန်မောင်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန္တာဌေး(၃၈)နှစ် (ဘ)ဦးမြင့်ဦး၊ သမီးဖြစ်သူ မပြည့်ပြည့်(၁၃)နှစ်နှင့် မအိဝင်းဇော်(၄)နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး အခင်းဖြစ်နေရာအနီးမှ Drop Bomb ၂ လုံး၏ အမြှီးပိုင်းအား နိုင်လွန်ကြိုးအဝါရောင်ဖြင့် ချည်ထားသည့်အပိုင်းအစများ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ နေ့လယ် ၃ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ စိတ္တသုခရပ် အတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ဆင်ခြေယာကျေးရွာဘက်မှနေ၍ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့သည့်အတွက် အဆိုပါရပ်ကွက်နေ ဦးကျော်ဇော (၉၃)နှစ် (ဘ)ဦးမူ၏ နေအိမ်ခေါင်မိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ခေါင်မိုးသွပ် ၂ ချပ် ပျက်စီး ဆုံးရှုံးခဲ့ပြီး ဦးကျော်ဇောတွင် ဗုံးသီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်လုပ်စိန်ပြောင်းနှင့် Drone ယာဉ်များ အသုံးပြုကာ ဗုံးသီးများ၊ Drop Bomb များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 2188 items

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ မတ် ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 24, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပေါင်းလကွယ်နေ့၊ မတ် ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download