ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပဲခူးတက္ကသိုလ် သင်ကြား၊ စီမံဝန်ထမ်းများနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / December 06, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်းကျောင်း-ဘုရားကြီးနှင့် ပဲခူးမြို့ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းများသို့ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ကျောင်းစင်္ကြံလမ်းများပြုပြင်ခြင်း၊ ကျောင်းဝင်းအတွင်း စာသင်ဆောင် စာသင်ခန်းမျက်နှာကျက်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ခြံစည်းရိုးများပြန်လည်ပြုပြင်ဆေးသုတ်ခြင်းလုပ်ငန်းများ၊ သောက်ရေသန့်ရရှိရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်စုဝေးခန်းမ၌ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အသက်သည် သုတေသနလုပ်ငန်းဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများအောင်မြင်စေရန်လိုအပ်သည့် သုတေသနသုံးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ အင်တာနက်ဝိုင်ဖိုင်မရှိသေးသောအဆောင်များကို အင်တာနက်ရရှိရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ စာအုပ်စာတမ်းများဝယ်ယူနိုင်ရန်အတွက် ဌာနတစ်ခုချင်းစီကိုလည်း ရန်ပုံငွေများပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပဲခူးတက္ကသိုလ်၌ ဘာသာရပ် ၃ ခု တွင် PhD သင်တန်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးပိုင်းတွင်သာမက သုတေသနလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက်ပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း အမှန်တကယ်တတ်မြောက်သော ပညာတတ်များဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးကြစေလိုပါကြောင်း၊ တစ်ဦးနှင့်တစ်ဦးမေတ္တာထား၍ ဆောင်ရွက်မှသာလျှင် လုပ်ငန်းများအောင်မြင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဆရာ၊ ဆရာမများက ဘာသာရပ်/ဌာနအလိုက် လိုအပ်သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ ကျောင်းသား၊  ကျောင်းသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

(သတင်းစဉ်)

Newspaper - 2734 items

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download