ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြား


Ministry of Information/ Naypyitaw / November 24, 2022
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးနှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ၂/၂၀၂၂ တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို အတည်ပြုပေးရန်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ အတည်ပြုထောက်ခံချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြနိုင်ရေးအတွက် ဆွေးနွေးကြရန်ဖြစ်ကြောင်း။

ပြည်ထောင်စုအဆင့်ဌာန/ အဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှုများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးစွာစိစစ်ခဲ့ပြီး ဒုတိယ ဝန်ကြီးချုပ်က ထပ်ဆင့်စိစစ်ထားပြီးဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုကိုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီးချုပ်တို့က စိစစ်ထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် နိုင်ငံတော်က ထပ်မံခွင့်ပြုသည့် ဖြည့်စွက်ခွင့်ပြုငွေများကို ပြည်သူများ၏လိုအပ်ချက်နှင့် တစ်ထပ်တည်းဖြစ်စေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု စေမည့် လုပ်ငန်းများတွင် ထိရောက်စွာအသုံးပြုကြရန် လိုအပ်ကြောင်း။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၄၀၀ နှင့် မတည်ထူထောင်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီကာလတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေများ ထပ်မံခွင့်ပြုပေးခြင်းများ၊ ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ထူထောင်ပေးခြင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏စီးပွားရေးကို ပြန်လည်မြှင့်တင်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းပင် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေအပေါ် ဌာန၊ အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများအတွက် အကျိုးရှိစွာ အသုံးပြုရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေးတို့အတွက် ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် အမျိုးသားစီမံကိန်းများ၊ လုပ်ငန်းများအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ယခုဖြည့်စွက်ရန်ပုံငွေများကို လိုအပ်ချက်များအရ တောင်းခံကြခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း တောင်းခံကြသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်အပ်နှံသည့် လုပ်ငန်းများ၊ စတင်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများ၊ ရာနှုန်းပြည့် ပြီးစီးမှု မရှိသည့် လုပ်ငန်းများ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အမှန်တကယ် သုံးစွဲ နိုင်ခြင်းမရှိသည့် ထုတ်ယူသုံးစွဲငွေများ များပြားနေသောကြောင့် ပြည်တွင်းချေးငွေ များပြားနေခြင်းဖြစ်သဖြင့် တင်ပြတောင်းခံသည့်အတိုင်း လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း။

တိုင်းပြည်ဝင်ငွေရရှိရေးအတွက် ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ရှိရင်းစွဲ မြေပေါ်‌မြေအောက် သဘာဝသယံဇာတ အရင်းအမြစ်များကို ဥပဒေနှင့်အညီ စည်းကမ်းစနစ်တကျဖြင့် အကျိုးရှိရှိအသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံ လူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ ပြန်လည်ဆောင်ရွက်ကြရမည်ဖြစ်ကာ ထိုသို့ဆောင်ရွက်မှသာလျင် စဉ်ဆက်မပြတ်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ချွေတာသုံးစွဲရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးတွင် ရေသည်အဓိကကျသည့်အတွက် ရေသုံးစွဲမှုကို အလေအလွင့်မဖြစ်စေလိုဘဲ စနစ်တကျဖြင့် အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သကဲ့သို့ ဆည်ရေကိုလည်း စနစ်တကျသုံးစွဲကြ ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကိုလည်း စနစ်တကျဖြစ်စေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်မှာ ကြီးမားလာနိုင်ပြီး လိုအပ်ချက်ပြည့်မီနိုင်ရေး နိုင်ငံတော်အနေဖြင့် လျှပ်စစ်စီမံကိန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ လျှပ်စစ်လိုအပ်ချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ သုံးစွဲသူများ အနေဖြင့်လည်း အလေအလွင့်ဖြစ်စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း။

တစ်ဆက်တည်းတွင် စက်သုံးဆီသုံးစွဲမှုကိုလည်း လျှော့ချကြစေလိုကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းလုံး၌ စက်သုံးဆီ ဈေးနှုန်းများ ကြီးမြင့်လျက်ရှိကြောင်း၊ စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်ကုန်ကျမည့် ငွေကြေးအရင်းအနှီးများကို လျှပ်စစ်စွမ်းအင်ဖြင့် အသုံးပြုသည့် Public transportation များ၌ သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိနိုင်မည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကုန်စည်များ ပို့ဆောင်ခြင်းနှင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရထားပို့ဆောင်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးတွင် ရေကြောင်းခရီး၊ ကုန်းကြောင်းခရီး၊ လေကြောင်းခရီးဟူ၍ရှိပြီး ရေကြောင်းခရီးဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ကုန်ကျစရိတ် အသက်သာဆုံးပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် နေ့စဉ်သုံးစွဲနေသည့် စက်သုံးဆီကို တစ်ဦးချင်းအသိစိတ်ဖြင့် လျှော့ချသုံးစွဲမည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုကိုလည်း လျှော့ချလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ စိုက်ပျိုးစရိတ်ချေးငွေများ သတ်မှတ်ကာလအတွင်း ပြန်လည်ရရှိစေရေးအတွက် တာဝန်ရှိသူများက အသိပညာပေး၊ စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ထောက်ပံ့ရမည့် ထောက်ပံ့ငွေပြောင်းလဲမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပြီးဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်တင်ပြပြီး ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် အချိန်မီဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ကပ်ရောဂါနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးများအကြား စစ်ရေးနိုင်ငံရေးအားပြိုင်မှုများ၊ ကမ္ဘာ့ ရွှေဈေး၊ ရေနံဈေး မတည်ငြိမ်မှုများကတစ်ဆင့် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေဖောင်းပွမှုနှုန်းများ မြင့်တက်လာခြင်း၊ အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုး မြင့်တက်ခြင်းကြောင့် အခြားနိုင်ငံများ၏ ပြည်တွင်းသုံးငွေ တန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်း စသည့်အခြေအနေများအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်တွေ့ကြုံရလျက်ရှိကြောင်း။

မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ၊ ပြည်တွင်းအားသည် ပြည်တွင်း၌သာရှိသည် ဟူသည့်ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒ နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် လာမည့် ဘဏ္ဍာရေးနှစ် ၂၀၂၃-၂၀၂၄ တို့အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေးမြှင့်တင်သွားရမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား​ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးသွားမည် ဖြစ်ကြောင်း၊ ပြည်ပမှကုန်ပစ္စည်းများ မှာယူတင်သွင်းနေရသည်များကို အတတ်နိုင်ဆုံး လျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို အစားထိုးသုံးစွဲနိုင်ရေးအတွက်လည်း ရည်မှန်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေအပါအဝင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိမိတို့ကို ခွဲဝေပေးထားသည့် အသုံးစရိတ်များကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ အကျိုးရှိရှိ ထိထိရောက်ရောက် ဖြစ်အောင် သုံးစွဲကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေများတွင် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ရန်ပုံငွေများ ခွဲဝေချထားပေးလျက်ရှိရာ လျာထားချက် အတိုင်း လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိ ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာ သုံးစွဲနိုင်ခြင်း ရှိ၊ မရှိတို့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စောင့်ကြည့် ကြီးကြပ်၍ အစီရင်ခံစာများ ပြုစုတင်ပြလျက်ရှိကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ငွေလုံးငွေရင်းအသုံးစရိတ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် ရန်ပုံငွေများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေများတွင် ငွေလုံးငွေရင်း အသုံးစရိတ်များကို အသီးသီးခွဲဝေလျာထား သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း။

ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများကလည်း ရန်ပုံငွေများကို အကျိုးရှိစွာ ထိထိရောက်ရောက်ဖြစ်အောင် သုံးစွဲရန်၊ လျာထားလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရန်၊ အရည်အသွေးပြည့်မီစေရန်၊ ပိုလျှံရန်ပုံငွေများနှင့် ဘဏ္ဍာနှစ်အကုန်ထိ သုံးစွဲနိုင်ခြင်းမရှိမည့် ရန်ပုံငွေများကို ဆောလျင်စွာ ပြန်လည်အပ်နှံရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ တိုးမြှင့်လျာထားသည့် ရငွေများကို ပြည့်မီရုံမျှသာမက ကျော်လွန်ရရှိလာရန်လည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများ လျှော့ပေါ့ပေးခြင်း၊ ရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေသက်တမ်းများ တိုးမြှင့်ပေးခြင်းတို့ကို ပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယခုအခါ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ခရီးသွား လာရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာပြီဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရသင့်ရထိုက်သည့် အခွန်၊ အခများကို ကြိုးပမ်းကောက်ခံ ကြစေလိုကြောင်း၊ အခွန်ထမ်းဆောင်ရမည့် ပြည်သူများကိုလည်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်လာစေရေး အခွန်ဆိုင်ရာအသိပညာပေးခြင်းနှင့် အခွန်ပေးဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း။

ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေး သည့် ဘဏ္ဍာငွေများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး မိမိတို့၏ နောက်ထပ်ဘဏ္ဍာ​ငွေ ခွဲဝေသုံးစွဲရေးဥပဒေများနှင့်အညီ အကျိုးရှိထိရောက်စွာသုံးစွဲကြပြီး ရည်မှန်းချက်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 2568 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download