မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပေါက်ချောင်းအလယ်စုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား သတ်ဖြတ်ကာ ဆရာမ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး သံဃာတော် ၁ ပါးအား သတ်ဖြတ်


Ministry of Information/ Naypyitaw / December 06, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူငါ့ရန်သူ ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ PDF အမည်ခံအကြမ်းဖက်သမားများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ် အချိန်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်းအလယ်စုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အား သတ်ဖြတ်ပြီး ဆရာ ၃ ဦး၊ ဆရာမ ၆ ဦး၊ ကျောင်းလုပ်သား ၁ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါကျေးရွာရှိ တေဇိန္ဒရာမကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒအား သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ပါ ဆရာ ၄ ဦး၊ ဆရာမ ၆ ဦး၊ ကျောင်းလုပ်သား ၁ ဦးတို့မှာ သူငယ်တန်းမှ သတ္တမတန်းအထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမား တစ္ဆေ(ခ)အေးငြိမ်းဖြိုး ဦးဆောင်သော အင်အား(၂၀)ဦးခန့်သည် ဆိုင်ကယ် ၁၀ စီးဖြင့် လက်နက်ကိုယ်စီကိုင်ဆောင် ရောက်ရှိလာပြီး ဆရာ၊ ဆရာမများအား CDM မလုပ်သဖြင့် ခြိမ်းခြောက်ပြောဆိုကာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ ဆရာမများဖြစ်သည့် ပေါက်မြို့နယ်၊ အောက်တံခွန်ရပ်ကွက်နေ ဒေါ်ချမ်းမြေ့သူ (၂၈)နှစ်၊ အောင်တော်မူရပ်ကွက်နေ ဒေါ်ဌေးအိဝင်း(၂၈)နှစ်၊ ဆေးပင်ကြီးကျေးရွာနေ ဒေါ်နှင်းဆီ (၂၈)နှစ်နှင့် ဂန့်ဂေါမြို့နယ်၊ မောက်လင်းကျေးရွာနေ ဒေါ်သီသီခိုင်(၂၃)နှစ်တို့ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊

ထို့နောက် အဆိုပါ PDF အကြမ်းဖက်အဖွဲ့သည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ပေါက်ချောင်းအလယ်စုကျေးရွာရှိ တေဇိန္ဒရာမကျောင်းတိုက်သို့ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ သက်တော်(၆၀)နှစ်၊ ဝါတော်(၃၇)ဝါအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ဆရာတော်သည် ဖြစ်စဉ်နေရာ၌ပင် ရရှိသောဒဏ်ရာများဖြင့် ပျံလွန်တော်မူသွားခဲ့သည်။

အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူငါ့ရန်သူ ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 2732 items

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ ဧပြီ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဧပြီ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download