မိမိတို့ပြည်နယ်သည်နှစ်ပေါင်း(၇၀)ကျော်လက်နက်ကိုင်ပဋိပက္ခများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငြိမ်းချမ်းရေးကိုအလိုလားဆုံးသောပြည်နယ်တစ်ခုဖြစ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 23, 2023


ဘားအံ - စက်တင်ဘာ (၂၃)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အဖွဲ့ဝင်ဦးစောဒယ်နီရယ်တို့နှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) ဘားအံသာသနာပိုင်နယ် ရှင်ပေတရုကသီဒြယ် ဘုရားရှိခိုးကျောင်း၌ကျင်းပသည့် ခရစ်ယာန်ငြိမ်းချမ်းရေးဗဟိုကော်မတီမိတ်ဆက်တွေ့ဆုံဆုတောင်းခြင်း အစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာမြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)ဘားအံနယ်စီးသာသနာပိုင်ဒေါက်တာမာကုစောမောင်ဒို က အဖွင့်ဆုတောင်းပြီး ခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ သာသနာ ပိုင်ချုပ်ကြီးစတီဗင်သန်းမြင့်ဦးက မင်္ဂလာနှုတ်ခွန်းဆက်စကားပြောကြားကာ တက်ရောက်လာသူများက အိုသာယာ သော မြန်မာပြည်တော်ကျူး ဓမ္မတေးသီးချင်းကို သီဆိုကျူးရင့်ကြသည်။

ယင်းနောက် ဘားအံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာမန်းစိုးဝင်းမောင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းငြိမ်းချမ်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီကိုဖွဲ့စည်းထားပြီး ခရစ်ယာန်အသင်းတော်များသို့ သွားရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း၊ မိမိတို့ပြည်နယ်သည် နှစ်ပေါင်း(၇၀)ကျော် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငြိမ်းချမ်းရေးကိုအလိုလားဆုံးသော ပြည်နယ်တစ်ခုဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ စားရေရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ သော်လည်း ငြိမ်းချမ်းရေးမရှိသည့်အတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်း၊ ငြိမ်းချမ်းသာယာမှုအထူးလိုအပ် ပြီး ပဋိပက္ခများ၊ ငြိမ်းချမ်းမှုကင်းမဲ့ခြင်းများသည် တိုင်းပြည်အေးချမ်းသာယာရေးကို အဟန့်အတားဖြစ်စေသည့် အတွက် ငြိမ်းချမ်းရေးရရှိအောင် ဆုတောင်းမေတ္တာများပို့သပေးကြစေလိုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကိုယ် တိုင်ကိုယ်ကျပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်ကြီးအေးချမ်းသာယာရေးအတွက် တွေ့ဆုံဆုတောင်း ခြင်းမှသည် နိုင်ငံတော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာပါစေကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနာယက ဦးစောထွန်းအောင်မြင့်က တိုင်းရင်းသားအချင်းချင်း လက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ် ဆောင်ရန် ယခုကဲ့သို့လာရောက်တွေ့ဆုံဆုတောင်းခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများကို ဆွေးနွေးတိုင်ပင်အဖြေရှာသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူမျိုးစွဲ၊ ဝါဒစွဲများကိုစွန့်လွှတ်၍ ပိုမိုကောင်းမွန် သောအနာဂတ်များကိုဖန်တီးနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဘားအံခရစ်ယာန်အသင်းတော်များကောင်စီ၊ ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ ဓမ္မအမှု တော်ဆောင်များ၊ အသင်းတော်ခေါင်းဆောင်များက ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်က အကြံပြုစကားပြောကြားကာ သိက္ခာတော်ရ ဒေါက်တာဦးအေးမင်းက နိုင်ငံတော်အတွက်အထူးဆုတောင်း၍ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

 

Newspaper - 2570 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: English Version

Download