ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ဘဏ်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ရန်စီစဉ်လျက်ရှိသည့် Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ဘဏ်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ရန်စီစဉ်လျက်ရှိသည့် Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / December 01, 2022

နေပြည်တော် ဒီဇင်ဘာ ၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။
သို့ဖြစ်၍ အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများကျူးလွန်ခဲ့ပြီး ဘဏ်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် Anti-Coup Pepole’s Liberation Force – ACPLF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဝေယံကောင်းထက်(ခ)Lu Aye အား မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်ကွေ့(၆)လမ်း၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝေယံကောင်းထက်(ခ)Lu Aye ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်ကွေ့(၆)လမ်းရှိ ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၁၃ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ACPLF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ နိုင်လင်းဇော်(ခ) သော်ထွန်းအောင်နှင့် ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွား တို့အား အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ဝေယံကောင်းထက်(ခ)Lu Aye ၏ ထွက်ဆိုချက်အရ ACPLF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် Anonymous Fighter Force – AFF အမည်ခံအကြမ်းဖက်အဖွဲ့တို့မှပူးပေါင်း၍ သာကေတမြို့နယ်၊ မြင်တော်သာလမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန်စီစဉ်ထားရှိကြောင်း ဖော်ထုတ်သိရှိရပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် AFF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် သက်ဇော်အောင်(ခ) အောင်လေး အား မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ဇော်အောင်(ခ)အောင်လေး ၏ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်မှုများကျူးလွန်ရန်အတွက် ၎င်းတို့၏အဖွဲ့ဝင်များသည် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီး လူကူးကုန်းကျော်တံတားပေါ်၌ စုဝေးလျက်ရှိကြောင်းဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစဉ် တရားခံများမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များအား လုယူထွက်ပြေးရန်ကြိုးပမ်းခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း တို့ ၃ ဦးအား လက်လုပ်မိုင်း ၂ လုံးဖြင့်လည်းကောင်း၊ ညီမင်းထွန်း အား လက်နက်ငယ်ကျည်ထိ မှန်ဒဏ်ရာဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြတိုက်လုယက်ခြင်းများ ဆောင်ရွက်ရန်စီစဉ်လျက်ရှိသည့် တရားခံ ကျား ၉ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဝေယံကောင်းထက်(ခ)Lu Aye၊ ဖြိုးသွေးအောင်(ခ)နိုင်ဝင်းနှင့် သိန်းကျော်စွာ(ခ) ကျော်ကြီး တို့သည် KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ၌လည်းကောင်း၊ နိုင်လင်းဇော် (ခ)သော်ထွန်းအောင်၊ သက်ဇော်အောင်(ခ)အောင်လေးနှင့် အာကာမင်းသိန်း တို့သည် KNLA တပ်မဟာ(၃)လှုပ်ရှားနယ်မြေ၌လည်းကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ အသီးသီးတက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ထွက်ဆိုချက်အရ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ACPLF အမည်ခံအကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖမ်းဆီးရန်ကျန် တရားခံဇော်ကြီး မှခေါင်းဆောင်၍ ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ နိုင်လင်းဇော်(ခ)သော်ထွန်းအောင်၊ ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွားနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော ဟိန်းထက်၊ ကောင်းထက်၊ ကြက်ဖကြီး၊ သားငယ်၊ ညီညီလင်းနောင်၊ပြည်ရှိန်း၊ ကိုပေါက်၊ ညီညီအောင်၊ ကိုညို၊ ဦးလေး၊ ပဲခူးသား၊ ချစ်ကို၊ ဇင်မင်းချစ်နှင့် မင်းချမ်းမြေ့ တို့ပါဝင်သော အဖွဲ့ဝင် ၁၈ ဦးဖြင့်လည်းကောင်း၊ AFF အမည်ခံအကြမ်းဖက်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန်တရားခံ ကာရံမိုး မှ ခေါင်းဆောင်၍ သက်ဇော်အောင်(ခ)အောင်လေး၊ သိန်းကျော်စွာ (ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်း၊ ညီမင်းထွန်းနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော ဟန်လင်းထက်၊ ဘီဘီ၊ပြည့်ဖြိုးအောင်၊ ရိုဟစ်၊ စည်သူအောင်နှင့် ကတုံး တို့ပါဝင်သော အဖွဲ့ဝင် ၁၃ ဦး ဖြင့်လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါအကြမ်းဖက်အဖွဲ့များသည် မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများကို လက်နက်ဖြင့်ခြိမ်းခြောက်၍ အကြပ်ကိုင်မှုများ၊ လုယက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန်၊ အကြမ်းဖက်ဖောက်ခွဲမှုဓာတ်ပုံများအား လူမှုကွန်ရက်မှတစ်ဆင့်ဖြန့်ဝေ၍ ငွေကြေးကောက်ခံရယူရန်ရည်ရွယ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ACPLF နှင့် AFF အမည်ခံအကြမ်းဖက်အဖွဲ့တို့သည် နိုင်ငံတော်၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများ ပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၄ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၌ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော ဟိန်းထက်နှင့် ကောင်းထက် တို့မှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး ဝေယံကောင်းထက်(ခ)Lu Aye မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
အောက်တိုဘာလ ၁၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံ၌ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သော ဟိန်းထက် နှင့် ကောင်းထက် တို့မှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး ဖြိုးသွေးအောင် (ခ)နိုင်ဝင်း မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
အောက်တိုဘာလ ၁၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ဝေယံကောင်းထက်(ခ)Lu Aye နှင့် ဖမ်းဆီးရန်ကျန်တရားခံ ဟိန်းထက် တို့မှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး နိုင်လင်းဇော်(ခ)သော်ထွန်းအောင် မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
နိုဝင်ဘာလ ၂၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ဈေး၌ ဖြိုးသွေးအောင် (ခ)နိုင်ဝင်းမှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး နိုင်လင်းဇော်(ခ) သော်ထွန်းအောင် မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
ACPLF နှင့် AFF အမည်ခံအကြမ်းဖက်အဖွဲ့တို့သည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၃ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်အနီး၌ ရာအိမ်မှူးဦးဆန်းမင်းထွန်းအား အာကာမင်းသိန်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ ကတုံး တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး သက်ဇော်အောင်(ခ)အောင်လေးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
စက်တင်ဘာလ ၂၉ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၂)ရပ်ကွက်၊ ပြည်သာယာ(၃)လမ်းနှင့် လက်ဝဲသုန္ဒရလမ်းထောင့်၌ ရာအိမ်မှူးဦးအောင်အောင် အား သက်ဇော်အောင်(ခ)အောင်လေး မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အာကာမင်းသိန်းမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
အောက်တိုဘာလ ၂၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သဇင်လမ်းနှင့် ဇကားဝါလမ်းထောင့်၌ ရာအိမ်မှူးဦးစိုးစိုး အား ဝေယံကောင်းထက်(ခ)Lu Aye မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖြိုးသွေးအောင်(ခ)နိုင်ဝင်းနှင့် နိုင်လင်းဇော်(ခ)သော်ထွန်းအောင် တို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်းများကို ညောင်လေးပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ KNLA တပ်မဟာ(၃)လှုပ်ရှားနယ်မြေ၌ တိမ်းရှောင်လျက်ရှိသော ဖမ်းဆီးရန်ကျန်တရားခံ ဇော်ကြီးနှင့် ကာရံမိုး တို့မှ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး လက်နက်/ခဲယမ်းများကိုလည်း ထောက်ပံ့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ညောင်လေးပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ဇော်ကြီး နှင့် ကာရံမိုး တို့၏ ခိုင်းစေချက်အရ AFF အမည်ခံအကြမ်းဖက်အဖွဲ့မှ သိန်းကျော်စွာ(ခ)ကျော်ကြီး ဦးဆောင်၍ သက်ဇော်အောင် (ခ)အောင်လေး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်းနှင့် ညီမင်းထွန်း တို့သည် ACPLF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဝေယံကောင်းထက်(ခ)Lu Aye၊ ဖြိုးသွေးအောင် (ခ)နိုင်ဝင်းတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ ၃၀ ရက်တွင် သာကေတမြို့နယ်၊ မြင်တော်သာလမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်မှုများကျူးလွန်ရန်အတွက် Telegram မှတစ်ဆင့်တွေ့ဆုံ၍ အစီအစဉ်များရေးဆွဲခဲ့ကာ တာဝန်ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါ အစီအစဉ်များရေးဆွဲ၍ တာဝန်ခွဲဝေမှုတွင်-
တရားခံ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ အာကာမင်းသိန်း၊ သက်ဇော်အောင်(ခ) အောင်လေး၊ မျိုးမင်းဟိန်း(ခ)မဲကြီး တို့ ၄ ဦးသည် ဘဏ်အတွင်းသို့ဝင်ရောက်ကာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ အာကာမင်းသိန်း တို့ ၂ ဦးမှ ငွေထုတ်ကောင်တာသို့သွားရောက်၍ ငွေများလုယက်ယူဆောင်ရန်၊ သက်ဇော်အောင် (ခ)အောင်လေး နှင့် မျိုးမင်းဟိန်း(ခ)မဲကြီး တို့ ၂ ဦးသည် ဘဏ်ဝန်ထမ်းများနှင့် ဘဏ်သို့လာရောက်သည့်ပြည်သူများအား လက်နက်ပြ၍ ခြိမ်းခြောက်ပြီး ဓားစာခံအဖြစ်ဆောင်ရွက်ရန်။
ဝေယံကောင်းထက်(ခ)Lu Aye၊ ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ ညီမင်းထွန်း တို့ ၃ ဦးသည် ဘဏ်အပြင်ဘက်၌ အခြေအနေစောင့်ကြည့်ပြီး မော်တော်ယာဉ် ၁ စီးဖြင့် အသင့်စောင့်ဆိုင်းနေရန်။
တရားခံများ၏ထွက်ဆိုချက်အရ ဘဏ်ဓားပြတိုက်မှုကျူးလွန်ပြီး ငွေကြေးများရရှိပါက အဆိုပါငွေကြေးများအား ၎င်းတို့၏ကိုယ်ရေးကိုယ်တာသုံးစွဲခြင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို တိုးမြှင့် ဆောင်ရွက်သွားရန်အတွက် လက်နက်ခဲယမ်းများထပ်မံဝယ်ယူရာတွင် အသုံးပြုသွားရန် ရည်ရွယ်ထားရှိကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
Newspaper - 2140 items

၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊ ဖေဖော်ဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download