လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ၊ ဆွမ်းပဒေသာပင် လှူဒါန်း


Kayah State Government/ loikaw / September 23, 2023


 

လွိုင်ကော် စက်တင်ဘာ ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင် ဝါတွင်းကာလ၌ သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာသီတင်းသုံးနိုင်ရေးနှင့် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ်ပြု နိုင်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ဌာနဆိုင်ရာများ ၊ ရဲတပ် တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ၊ ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် သစ်ပင်ခြုံနွယ်များကို ခုတ်ထွင် ရှင်းလင်းနေမှုများ ၊ ရေစီးရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်းများ ဆယ်ယူခြင်းနှင့် အမှိုက်များသယ်ယူနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်ထံ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ သင်တန်းနည်းပြဆရာတော်များနှင့် သင်တန်းသား သံဃာတော်များ တစ်နှစ်တာ ကာလအတွင်း ဆွမ်း ၊ ကွမ်း ဝေယျာ‌ဝေစ္စ ပြည့်စုံစေရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်း လှူဒါန်းသည့် ဆွမ်းပဒေသာပင် ကျပ်(၁၄၀)သိန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ၊ ကန္ဒာဟေဝန် ပန်းခြံနှင့် နှစ်ရှည်ပန်းအလှပင်ပျိုးခြံ သို့သွားရောက်လှည့်လည်ကြည့်ရှု၍ ပန်းခြံအတွင်း မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် လွပ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကို ပြုပြင်မွမ်းမံ ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။

Newspaper - 2570 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: English Version

Download