အရာတော်နှင့် အင်းစိန်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်
အရာတော်နှင့် အင်းစိန်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / March 23, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ၌ တွဲဘက်တာဝန် ထမ်းဆောင်နေသည့် သားဖွားဆရာမဖြစ်သူ ဒေါ်အေးအေးမော်(၄၁)နှစ် (ဘ)ဦးသောင်းဌေးသည် ၎င်း၏နေအိမ်တွင် မိသားစုနှင့်အတူ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသမီးတစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်အေးအေးမော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး အရာတော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ မာလာမြိုင်လမ်း၊ အမှတ်(၃၀၁) Friend အလှမွေးငါးနှင့်ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ရာအိမ်မှူးဖြစ်သူ ဦးကျော်ဇောဟိန်း(၂၉)နှစ် (ဘ)ဦးစိုးဝင်း၊ ကိုပြည်ဖြိုးအောင်(၂၀)နှစ် (ဘ)ဦးစောဝင်းနိုင်နှင့် ကိုမင်းခန့်ကျော်(၂၅)နှစ် (ဘ)ဦးအေးကျော်တို့သည် ၎င်းအရောင်းဆိုင်၌ ရှိနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်ဇော်ဟိန်းပါ ၃ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ကုသစဉ် ကိုမင်းခန့်ကျော်(၂၅)နှစ် (ဘ) ဦးအေးကျော်မှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကျောက်ပြောက်ကျေးရွာနေ ဦးညိုလင်း(၅၈)နှစ် (ဘ)ဦးအောင်မောင်းသည် အိမ်နီးနားချင်းများနှင့် အတူ ၎င်း၏နေအိမ်၌ ရေနွေးကြမ်းထိုင်သောက်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၂ ဦးခန့်က နေအိမ်အတွင်းသို့ ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွားခဲ့ သဖြင့် ဦးညိုလင်းတွင် ကျည်ထိမှန်ဒဏ်ရာနှင့် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အင်းစိန်မြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိမှု
Newspaper - 2713 items
၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 24, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2024
Publication Date: 2024
Page: 32page
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2024
Publication Date: 2024
Page: 32page
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2024
Publication Date: 2024
Page: 32page
Language: မြန်မာ
Download