အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲရှုံးထွက်အဆင့်တွင် မြန်မာနှင့်ဂျပန်အသင်း တွေ့ဆုံ
အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲရှုံးထွက်အဆင့်တွင် မြန်မာနှင့်ဂျပန်အသင်း တွေ့ဆုံ
Ministry of Information/ Naypyitaw / September 26, 2023

ရန်ကုန် စက်တင်ဘာ ၂၅
တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ စက်တင်ဘာ ၂၅ ရက်က ပြီးဆုံးခဲ့ပြီး မြန်မာအသင်းသည် ရှုံးထွက်အဆင့်တွင် နာမည်ကြီးဂျပန်အသင်းနှင့် ဆုံတွေ့ခဲ့သည်။
အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို စက်တင်ဘာ ၂၄၊ ၂၅ ရက်တွင်ကျင်းပခဲ့ပြီး အုပ်စု(C)တွင် နှစ်သင်း၊ အုပ်စု(D)တွင် သုံးသင်းပါဝင်ကာ ကျန်လေးအုပ်စုတွင် လေးသင်းစီပါဝင်ခဲ့သည်။
အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(A)၌ အိမ်ရှင်တရုတ် အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ အိန္ဒိယအသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (B) ၌ အီရန်အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ ဆော်ဒီအာရေဗျအသင်းက ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(C)၌ ဥဇဘက်ကစ္စတန် အသင်းကခြောက်မှတ်ဖြင့် အုပ်စုပထမ၊ ဟောင်ကောင်အသင်းက ရမှတ်မရရှိဘဲ အုပ်စုဒုတိယ၊ အုပ်စု (D)၌ ဂျပန်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ ပါလက်စတိုင်းအသင်းက တစ်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(E)၌ တောင်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ဘာရိန်းအသင်းက နှစ်မှတ်ဖြင့် ဒုတိယ၊ အုပ်စု(F)၌ မြောက်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ကာဂျစ္စတန်အသင်းက သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။ အုပ်စု(C)တွင်နှစ်သင်းသာ ကျန်ရှိသဖြင့်နှစ်ကျော့ ယှဉ်ပြိုင်ကစားပြီး အုပ်စုပထမနေရာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးအုပ်စု တတိယနေရာလေးသင်းတွင်အုပ်စု(F)မှ အင်ဒိုနီးရှားအသင်း၊ အုပ်စု(D)မှ ကာတာအသင်း၊ အုပ်စု(E)မှ ထိုင်းအသင်းနှင့် အုပ်စု(A)မှ မြန်မာအသင်းတို့ရရှိပြီးရှုံးထွက်အဆင့် တက်ရောက်ခဲ့သည်။
ရှုံးထွက်အဆင့်တွင် အိမ်ရှင် တရုတ်နှင့်ကာတာ၊ တောင်ကိုရီး ယားနှင့်ကာဂျစ္စတန်၊ ဥဇဘက် ကစ္စတန်နှင့် အင်ဒိုနီးရှား၊ အိန္ဒိယနှင့်ဆော်ဒီအာရေဗျ၊ အီရန်နှင့်ထိုင်း၊ ဟောင်ကောင်နှင့် ပါလက်စတိုင်း၊ ဂျပန်နှင့်မြန်မာ၊ မြောက်ကိုရီးယားနှင့် ဘာရိန်းအသင်းတို့ တွေ့ဆုံနေသည်။ မြန်မာအသင်းနှင့် ဂျပန်အသင်းသည် စက်တင်ဘာ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF
Newspaper - 2576 items

Information Sheet (4-12-2023) / Burmese (Myanmar Version)
Publisher: Information Sheet/ December 06, 2023
Publication Date: 2023
Page: 38
Language: Burmese (Myanmar Version)
Download
Information Sheet (4-12-2023) / English Version
Publisher: Information Sheet/ December 06, 2023
Publication Date: 2023
Page: 38
Language: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 06, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download