ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိ
ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိ
Ministry of Information/ Naypyitaw / December 01, 2022
နေပြည်တော် ဒီဇင်ဘာ ၁
ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU ၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့၊ NUG အဖွဲ့နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ခေတ္တထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန်လည်နေထိုင်နိုင်ရေးအတွက် တယ်လီဖုန်းများဖြင့်လည်းကောင်း၊ အသံချဲ့စက်များဖြင့် မြန်မာဘာသာ၊ ကရင်ဘာသာစကားများ ဖြင့်လည်းကောင်း အသိပေးနှိုးဆော်၍ ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးမှုများကြောင့် အေးချမ်းစွာပြန်လည်နေထိုင်လိုသည့် ခေတ္တထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတိုင်ရင်းသားများမှာ ဝမ်းသာအားရဖြင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့တွင် သေဘောဘိုးကျေးရွာသို့ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၀၄ ဦး၊ စုစုပေါင်း ၂၀၀ ဦး ထပ်မံဝင်ရောက်လာခဲ့ပြီးနိုဝင်ဘာ ၂၈ ရက်မှ ယနေ့ထိ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၂၁၃ ဦး၊ အမျိုးသမီး ၂၂၄ ဦး စုစုပေါင်း ၄၃၇ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပျက်ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး ဆန်နှင့်စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 2732 items
၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 15, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ ဧပြီ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဧပြီ ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download