“ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး” သုတေသနစာတမ်းဖတ်ပွဲကျင်းပ
“ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး” သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Ministry of Information/ Naypyitaw / September 23, 2022

နေပြည်တော် စက်တင်ဘာ ၂၃
“ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရာဇဝင်ကျမ်းများ ရှိလာခဲ့သည့်အတွက် မိမိတို့၏ အတိတ်သမိုင်းကို သိရှိနားလည်ပြီး သမိုင်းကပေးဆောင်သည့် အင်အားများကို အသုံးချနိုင်မည်ဖြစ်ကြောင်း၊ အတိတ်ကပေးသည့် အခြေအနေနှင့် သမိုင်းကြောင်းကို နားမလည်ပါက ပစ္စုပ္ပန်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည်လည်း အရာရောက်မည် မဟုတ်ကြောင်း၊ အတိတ်က ရှေးဘိုးဘေးဘီဘင်များကို ကျေးဇူးတင်ရမည်ဖြစ်ပြီး ၎င်းတို့ရေးသားပြုစုခဲ့သည့် ရာဇဝင် ကျမ်းများသည် ယနေ့တိုင် အသုံးဝင်နေဆဲ၊ အကျိုးပြုနေဆဲဟု ဆိုရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
နံနက်ပိုင်း စာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ဝင်းက “ကရင်ရာဇဝင်နှင့် မွန်ရာဇဝင်များက ဖော်ပြသော ကရင်ပြည်နယ် မြဝတီဒေသရှိ မြဝတီမြို့ဟောင်းကို လေ့လာခြင်း” စာတမ်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက သဘာပတိအဖြစ်လည်းကောင်း၊ မွန်းလွဲပိုင်း စာတမ်းဖတ်ကြားခြင်း အစီအစဉ်တွင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြမြသောင်းက “တောင်ငူရာဇဝင်များ၏ သမိုင်းတန်ဖိုး” စာတမ်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုးက သဘာပတိအဖြစ်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်စန်းက “ရာဇဝင်နှင့် ခေတ်ပြိုင်အထောက်အထားများမှ ရရှိသော စလေဒေသသမိုင်း” စာတမ်းအား ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးတင်ခြုံက သဘာပတိအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများက သိရှိလိုသည်များနှင့် အကြံပြုလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက သုတေသနစာတမ်းရေးသားရာတွင် ချဉ်းကပ်ပုံနည်းလမ်း သတိပြုရန်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စသည်ဖြင့် မည်သည့်အမြင်ဖြင့် ရေးသားမည်ကို သိရှိနေရမည်ဖြစ်ကြောင်း၊ ယနေ့ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်း(၃)စောင်တွင် ပါဝင်သည့် ဒေသ (၃)ခု၏ ရာဇဝင်သမိုင်းကြောင်းများကို သိရှိရသဖြင့် တန်ဖိုးရှိသော သုတေသနစာတမ်းဖတ်ပွဲ တစ်ခုဖြစ်ကြောင်း ပြောကြားပြီး သဘာပတိများနှင့် စာတမ်းရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာသမိုင်းအဖွဲ့ဝင်ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ စာတမ်းရှင်များနှင့် အခြားဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်
Newspaper - 2447 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2023
Publication Date: 2023
Page: 32
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ စက်တင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download