(၄၃)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို အနှစ်သာရပြည့်ဝစွာကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 08, 2022


ဘားအံ - ဩဂုတ် (၇)

ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ကို ကရင်တိုင်းရင်းသားလူမျိုး များနေထိုင်ရာ နေရာဒေသအသီးသီးတွင် ဆွေမျိုးမိသားစုအလိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိကြရာ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီခန့်က (၄၃)ကြိမ် မြောက်ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ တွင် အနှစ်သာရပြည့်ဝစွာနှင့်စည်ကားသိုက်မြိုက်စွာ စုပေါင်းကျင်းပခဲ့ကြသည်။

ဦးစွာ သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး သဘာပတိဒေါ်နန်းမြင့်တင်က ချည်ဖြူဖွဲ့ မင်္ဂလာနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က ဝါခေါင်လရောက်တိုင်း လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ထုံး ချည်နှောင်သည့်ဓလေ့သည် မိသားစုများစည်းစည်းရုံးရုံးနှင့် ပြန်လည်တွေ့ဆုံခြင်း၊ လက်ရည်တပြင်တည်းဖြစ်ခြင်း၊ လူကြီးနှင့်လူငယ်ကြား နွေးနွေးထွေထွေးဆွေးနွေးတိုင်ပင်ကြခြင်းဖြင့် စည်းလုံးညီညွှတ်မှုနှင့်ချစ်ခင်ရင်းနှီးမှုများ တိုးပွားရရှိစေကြောင်း၊ မိမိတို့၏ရိုးရာဓလေ့ကို ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်လိုသည့်အာသီသများဖြင့် ကရင်တိုင်းရင်း သားရပ်မိရပ်ဖများဦးစီးဦးဆောင်၍ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကျင်းပနိုင်ခြင်းသည် ညီအကိုမောင်နှမ အချင်းချင်း လက်တွဲညီညွတ်ပြီးချစ်ခင်ရင်းနှီးကြသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ပွဲတော်ကြီးအဖြစ် ထင်ဟပ်ပေါ်လွင်စေပါကြောင်း၊ ဂြိုလ်ဆိုးနတ်ဆိုးများနှင့် မကောင်းမှုဟူသမျှလွင်စင်ပျောက်ပျက်ပြီး အဝေးတွင် ပြန့်လွင့်နေသော ကိုယ်တွင်းဝိဉာဉ်များ ပြန်လည်ဝင်ရောက်ကြပါ၊ ကျန်းမာခြင်းလဘ်လာဘများနှင့် ကောင်းခြင်း ဟူသမျှ ခန္ဓာကိုယ်အတွင်းဝင်ရောက်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ဖြစ်ပေါ် လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားပြီး ခေတ္တဝန်ကြီးချုပ် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က ငွေကျပ်သိန်း(၇၀)ကို လှူဒါန်းပေးအပ်ရာ ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့် အရန်(၂)ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုးနှင့်အဖွား များက မြေးငယ်များခြံရံလျှက် သတ်မှတ်နေရာအသီးသီးတွင်နေရာယူကြပြီး ပွဲတော်အကြီးအမှူးက မကောင်းသော စိတ်ဝိဉာဉ်ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့်ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ခန္ဓာကိုယ်အား အစဉ်အမြဲစောင့်ရှောက်ပေးသည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီးပြန်လည်ဝင်ရောက် လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုခေါ်ယူသည်။

ပွဲတော်အကြီးအမှူးခေါ်ယူရောက်ရှိလာသည့် (၇)ရက်သား၊သမီးများ၏ ဝိဉာဉ်လိပ်ပြာကောင်းများ ရွှင်လန်း ဝမ်းမြောက်စေရန် ရိုးရာသီးချင်းဖြင့် ဂုဏ်ပြုကြိုဆိုကြပြီး ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူနှင့် ငြိမ်းချမ်း ရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ တိုင်းရင်းသားပြည်သူများက အဖိုး၊ အဖွားများထံတွင် ချည်ဖြူဖွဲ့ခံယူကြသည်။

ချည်ဖြူဖွဲ့ရာတွင် ငှက်ပျော်သီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်းစသည့်ပစ္စည်း(၇)မျိုးပါဝင်ပြီးတစ်ခုချင်းစီ၏ဂုဏ်သတ္တိများအလိုက်ကရင်တိုင်းရင်းသားတို့အား စုပေါင်းညီညွှတ်စွာနေထိုင်စေလိုသည့်အဓိပ္ပါယ်များပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ် အတွင်း ကရင်ရိုးရာခြည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံအပြားတွင် ကျင်းပ လေ့ရှိကြပါသည်။

 

Newspaper - 2736 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download