(၇၅) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်‌ရေးစာမေးပွဲကျင်းပမည်


Ministry of Information/ Naypyitaw / November 25, 2022
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၅)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်(တနင်္လာနေ့)၊ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင်လည်းကောင်း ၃၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဆွမ်းပဒေသာပင်၊ စာအောင်ဆုပဒေသာပင်၊ တိပိဋက အထွေထွေရန်ပုံငွေများကို သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့၊ ၀၉-၄၃၀၆၇၁၆၈၊ ၀၉-၄၄၃၁၉၀၁၉၃၊ ၀၉-၄၅၁၃၇၉၉၄၂၊ ၀၁-၆၆၃၃၂၅ တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၂ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် ၄ ပါး၊ ကြီးကြပ်ရေး ဆရာတော် ၄ ပါး၊ စာထောက်စာမဆရာတော် ၂၁၄ ပါး၊ အာဂုံပြန် စာရင်းသွင်း သံဃာ ၂၅၀ ပါး၊ သဘောရေးဖြေစာရင်းသွင်းသံဃာ ၁၈၇ ပါး၊ စုစုပေါင်း ၆၇၂ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

Newspaper - 2071 items

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်၊ ဒီဇင်ဘာ ၁ ရက် ၊ ၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၈ရက် ၊ နိုဝင်ဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ အင်္ဂါနေ့။။


Publisher: မြန်မာ့အလင်း/ November 29, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download