PDF ဂိမ်းထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါစေနှင့် …
PDF ဂိမ်းထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါစေနှင့် …
Ministry of Information/ Naypyitaw / January 25, 2023

စွမ်းပြည့်
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
ကစားသည်ထက် ကြော်ငြာကြည့်ရန်ကအဓိက
PDF ဂိမ်းအများစုကို PDF များကပင် ရေးဆွဲထားခြင်းဖြစ်သည်။ ၎င်းဂိမ်းတွင် တပ်ဖွဲ့အသွင်တစ်ခုအနေဖြင့် ပစ်ပုံ၊ ခတ်ပုံ၊ တိုက်ပွဲဝင်ပုံများကို ကနဦးသင်ပေးသည်။ တိုက်ပွဲတစ်ပွဲအတွက် ခေတ်မီသေနတ်ပုံစံများဖြင့် ဆွဲဆောင်ထားပြီး ကျည်ဆန်အတောင့် ၄၀၊ ၅၀၊ ၆၀ စသည်ဖြင့် ကျည်အရေအတွက်တစ်ခုပေးထားသည်၊၊ ထို့အတွက် ကျည်မလောက်ငအောင် ဖန်တီးထားခြင်းပင် ဖြစ်သည်။
ကစားစဉ် ကျည်ဖြည့်ရန် လိုအပ်လာသည့်အခါ ဖြည့်ရမည့်ကျည်အတွက် တက်လာသည့် ကြော်ငြာများကို မဖြစ်မနေကြည့်ရတော့သည်။ ကြော်ငြာ တစ်ခုကြည့်ပြီးတိုင်း ကျည် ၁၀ တောင့်ခန့် ရတတ်သည်။ လေ့ကျင့်ရေးကျည်၊ တိုက်ပွဲကျည် စသည်ဖြင့် ကျည်ကုန်မြန်အောင် application က ဖန်တီးထားသဖြင့် ကျည်က ခဏခဏကုန်သည်။
ခဏခဏကုန်တော့ ခဏလေးမှာပင် ကျည်ပြန်ဖြည့်ရန် ကြော်ငြာများကို မကြည့်ချင်ဘဲ ကြည့်ရပြန်သည်။ ဥပမာ- ကစားချိန် မိနစ် ၂၀ ဆို လျှင် ကျည်ပြန်ဖြည့်ရန် များပြားလှသော ကြော်ငြာများ ကြည့်ရသည်က ၅ မိနစ်မှ ၁၀၊ ၁၅ မိနစ်ခန့်အထိ ကြာတတ်သည်။ အဓိကက ဂိမ်းဆော့ဖို့ထက် ကြော်ငြာကြည့်ဖို့က အဓိကဖြစ်နေသည်။ ကြော်ငြာမကြည့်၍ သတ်မှတ်ထားသည့် အချိန်ပြည့်သွားပါကလည်း မိမိသာတိုက်ပွဲကျမည်ဖြစ်သည်။ တကယ့်လက်တွေ့မှာလည်း တိုက်ပွဲက တိုက်လို့ကောင်းတိုင်း ကျည်ကခဏခဏ ဖြည့်နေရပြီး ကြော်ငြာက မပြီးနိုင်၊ မစီးနိုင်တစ်ခုပြီးတစ်ခု ကြည့်နေရသည်က ဂိမ်းဖန်တီးသူတို့၏ အသက်ဖြစ်သည်။
စီးပွားရေးတွက်ခြေ၊ အကြမ်းဖက်စိတ်ဓာတ်နှင့် ဖြားယောင်းသိမ်းသွင်းမှု
ထို PDF ဂိမ်းတွင် ပိုက်ဆံမြန်မြန်ကုန်ရန်၊ ကျည်ပြန်ဖြည့်ရန်အတွက် စီးပွားရေးသမားများက တွက်ခြေကိုက်ရန် ပြုလုပ်ထားသည်။ တစ်ချက်ခုတ်၊ နှစ်ချက်/သုံးချက် ပြတ်သွားသည်။ တစ်ဖက်က စီးပွားရေးအမြတ်အစွန်း၊ တစ်ဖက်က အကြမ်းဖက်ပြုလုပ်၍ အစိုးရကို အကြမ်းဖက်တော်လှန်ချင်စိတ်နှင့် အခြားတစ်ဖက်က လူငယ်တို့၏စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။
ကြော်ငြာမှရသော ကျည်ဖြည့်ငွေဖြင့် အကြမ်း ဖက်တော်လှန်ရေးအတွက် လိုအပ်သောလက်နက် ရိက္ခာကို ဝယ်ယူဖြည့်တင်းကြသည်ဟု သိရှိရသည်။ ကြော်ငြာကိုမူ Google က ချိတ်ဆက်ပေးခြင်း ဖြစ်သည်။ ကြော်ငြာအများစုမှာ US နှင့် UK မှာသာ ရှိသည့်အတွက် ၎င်းနိုင်ငံများ၏ VPN ကို ခံထားရခြင်းဖြစ်သည်။ လူငယ်များကို အကြမ်းဖက် စိတ်ဓာတ်ရိုက်သွင်း၍ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ သွေးဆူလွယ်သော လူငယ်လူရွယ်များက ဂိမ်းဆော့ခြင်းဖြင့် တကယ့်လက်တွေ့တွင် ဂိမ်းထဲကအတိုင်း ဖြစ်မည်ထင်ကြသည်။
ထို PDF အမည်ခံဂိမ်းများအပြင် အခြား online၊ offline ဂိမ်းများစွာလည်း ရှိပါသေးသည်။ ရုပ်ရော၊ အသံရော ကြည့်လို့ကောင်းသည့် graphic ဂိမ်းများ ရှိပါသည်။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲ၊ သတ်ဖြတ်မှု၊ စစ်၊ အကြမ်းဖက် စသည်ဖြင့်ဖန်တီးထားသော ဂိမ်းများသည် ဖော်ပြပါရည်ရွယ်ချက်များကိုသာ ဖော်ဆောင်သည်၊၊ သေနတ်ပစ်ခတ်ပုံကအစ အတားအဆီးများကို လွယ်လွယ်ကူကူဖောက်ထွက်နိုင်စေရန် ဖန်တီးထားသည်။
ဤသည်ကပင် လူငယ်ထုကို ဖြားယောင်း ဆွဲဆောင်ထားခြင်းဖြစ်သည်။ မစဉ်းစားမိသူ လူငယ်များက အပြင်မှာလည်း ဂိမ်းထဲမှာအတိုင်း ဖြစ်မည်ထင်ကြသည်။ စီးပွားရေးသမားကတော့ စီးပွားရေးအမြင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လူငယ်များ ဆော့ချင်လာအောင်၊ ကစားတတ်လာအောင် တမင်အကြံပေးတီထွင်ဖန်တီးထားသည်ကို တွေ့ရသည်။
တပ်မတော်ကိုတိုက်ရန် ဒီလောက်လွယ်နေမှတော့ အကြမ်းဖက်စစ်သင်တန်းကျောင်းတွေ ဘယ်လိုတော့မှာလဲ၊ ဂိမ်းဆော့ပြီးတော့မှပဲ ဂိမ်းထဲမှာအတိုင်း လေ့ကျင့်ပြီး စစ်တိုက်လို့ရနေပြီပဲ။ အထင်နှင့်အမြင် တလွဲကြီးဖြစ်သည်။ တကယ့်အပြင်က လက်တွေ့တိုက်ပွဲနှင့် တခြားစီဖြစ်သည်။ လက်တွေ့အပြင်မှာက လေ့ကျင့်သည်မှအစ တကယ့်ကျည်အစစ်အမှန်နှင့် လေ့ကျင့်ကြ၊ တိုက်ပွဲဝင်ကြခြင်းဖြစ်သည်။ ဖုန်းထဲကဂိမ်းကဲ့သို့ ကြော်ငြာကြည့်ပြီးဝယ်ရသည့် ကျည်အတုများမဟုတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ကစားကြည့်မည်ဆိုပါကလည်း မိမိကအနိုင်ချည်းဖြစ်သည်။ ဘာပညာမှလည်းမရ၊ ဘာဉာဏ်ရည်ဉာဏ်သွေးမှလည်း မတက်၊ ဘာအတွေ့အကြုံ မှလည်းမရပါ။ ကျည်ခဏခဏကုန်၊ ကြော်ငြာကို ကျော်သွားခွင့်မရဘဲပြီးအောင် အချိန်ပြည့်ကြည့်ရကာ နောက်ဆုံးတွင် အကုသိုလ်များ၍ ပိုက်ဆံကုန်သည်သာ အဖတ်တင် မည်ဖြစ်သည်။
ဒုက္ခရောက် လမ်းမှားမရောက်ကြစေရန် ပြောဆိုဆုံးမပညာပေးသင့်
လူငယ်ဟူသည် စွန့်စားလိုသည်သာဖြစ်သည်။ အသစ်အဆန်းဆိုလျှင် စမ်းကြည့်လုပ်ကြည့်ချင် ကြသည်။ မိမိအတွက် ဘာကောင်းလာမှာလဲ၊ ဘာအကျိုးရှိမလဲ၊ ကျန်းမာရေး၊ လူမှုရေးမှအစ နောက်ဆက်တွဲဆိုးကျိုးများ ဘယ်လောက်ထိခိုက်မလဲ မစဉ်းစားနိုင်ကြ။ ဂိမ်းသည်စွဲတတ်သည်။ တန်ဖိုးရှိသောပိုက်ဆံများ ဖြုန်းတီးလိုက်သလိုဖြစ်သည်။ သူများကိုသတ်ရန်၊ ဖြတ်ရန်အတွက် သတ်ချင်ဖြတ်ချင်စိတ်ဖြင့် အကုသိုလ်လည်းများရသည်။ ဂိမ်းက လူငယ်လူရွယ်များ၏ သတ်ချင် ဖြတ်ချင်စိတ်ကို အားပေးထားသည်။
မိမိသတ်ဖြတ်လိုသော ပစ်မှတ်များကို ဒလန်၊ စစ်ခွေးစသည်ဖြင့် သုံးနှုန်း၍ စစ်သွေးကြွစေရန် မြှောက်ပင့်ပေးထားသည်။ အရပ်သားပြည်သူများကို မည်သို့အနီးကပ် လုပ်ကြံသတ်ဖြတ်မည်လဲ၊ လုပ်ကြံသတ်ဖြတ်ပုံလေ့ကျင့်ခန်းများလည်း ပါဝင်သည်။ ဂိမ်းကစားနေစဉ်တွင် အကုသိုလ်စိတ်ကအပြည့် ဖြစ်သည်။ မိဘများအနေဖြင့် မိမိသားသမီးများ လမ်းမှားမရောက် ဒုက္ခမရောက်စေရန် အချိန်တိုင်းမှာ ဂရုစိုက်၊ ပညာပေး၊ ပြောဆိုဆုံးမနေသင့်သည် ဟုယူဆပါသည်။ အချိန်ကို အကျိုးရှိစွာအသုံးချ တတ်ရန် ပြောဆိုသင်ကြားထားသင့်ပေသည်။
တကယ်တော့ PDF ဂိမ်းဆော့ခြင်း၊ ဂိမ်း application ကို မိမိလက်ကိုင်ဖုန်းထဲ ထည့်သွင်း ထားခြင်းသည် အကြမ်းဖက်အားပေးခြင်း သက်ရောက်၍ အကြမ်းဖက်ဥပဒေနှင့် ငြိစွန်းနိုင် ပါသည်။ မသိ၍ပဲဖြစ်ဖြစ်၊ သိသော်လည်း သတိလက်လွတ်၍ပဲဖြစ်ဖြစ် သက်ဆိုင်ရာမှ စစ်ဆေးခြင်း နှင့်ကြုံရသည့်အခါ မလိုလားအပ်သော နောက်ဆက် တွဲဆိုးကျိုးများခံစားရနိုင် ပါသည်။ ထိုအချက်ကို လူငယ်လူရွယ်များကော မိဘ၊ ညီအစ်ကို၊ မောင်နှမ များအနေဖြင့်ပါ သိရှိနားလည်ထားသင့်ပါသည်။
အမှန်တကယ်လည်း လူငယ်များအနေဖြင့် ထိုသို့မလုပ်သင့်ပါ၊ မစမ်းသပ်သင့်ပါ၊ စွဲလမ်းစေသည့် မကောင်းသည့်အရာဖြစ်၍ ဝေးဝေးကရှောင်သင့်ပါ သည်။ လူငယ်များအနေဖြင့် ဘာလုပ်မည်လဲ၊ မိမိ အတွက်ကော မိသားစုအတွက်ကော အကျိုးမရှိ၊ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကိုလည်း ကောင်းကျိုးမပေး ဆင်ခြင်သုံးသပ်ကြစေချင်ပါသည်။
အကျိုးထက် အပြစ်ကပိုများ
အမှန်ကတော့ ဂိမ်းကစားသည်ဆိုသည့်နေရာမှာ ယခုလိုအကြမ်းဖက်၊ ညှဉ်းပန်းနှိပ်စက်သည့်ပုံစံ ဂိမ်းအမျိုးအစားများကို မဆိုထားနှင့်၊ ရိုးရိုးဂိမ်းများ ဆော့လျှင်ပင် အကျိုးထက် ဆိုးကျိုးအပြစ်က ပိုများ သည်ဆိုသည်ကို အတော်များများလည်းလက်ခံပြီး သားဖြစ်ပါသည်။ ဖိစီးမှုလျှော့ချရန်နှင့် စိတ်ကြည်ရန်၊ လက်ကော၊ မျက်လုံးကော၊ ဦးနှောက်ကော တစ်ပြိုင်တည်းလှုပ်ရှားရသည့်အတွက် အလျင်အမြန် ဆုံးဖြတ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်း၊ သိမှုစွမ်းရည်များကို အထောက်အကူပြုသည် ဆိုသော်လည်း အပြစ်ကပိုများပါသည်။
ဘာကြောင့်ဆိုရလျှင် ဆင်ခြင်နိုင်စွမ်းအားနည်းသည့် လူငယ်များကို မဆော့ရမနေနိုင်အောင် သိမ်းသွင်းနိုင်စွမ်းကြောင့် တန်ဆေးလွန်ဘေးဖြစ်ကာ ဂိမ်းစွဲရောဂါရသွားစေ၍ ဖြစ်ပါသည်။ ပစ်ခတ်၊ တိုက်ခိုက်၊ သတ်ဖြတ်ကြသည့် ဂိမ်းများဆိုပိုဆိုးသည်။ ဖြူစင်သန့်ရှင်းရမည့် ကလေးလူရွယ်များ၏ အရိုးခံစိတ်တွင် အကုသိုလ်စိတ်များ စွန်းထင်းသွားသည်။ ဒေါသနှင့်လောဘက အရောင်ဆိုးသွားသည့်အခါသည်းခံစိတ်နှင့် ကိုယ်ချင်းစာ၊ သနားစိတ်နည်းလာပြီး အရာရာကို အကြမ်းဖက်ဖြေရှင်းနည်း ကိုသာ အားသန်လာကြတော့သည်။
ငြိမ်းချမ်းစွာ မဖြေရှင်းတတ်တော့ဘဲ ခက်ထန် ကြမ်းတမ်းရန် လိုလားကြပြီး ပေါင်းသင်းဆက်ဆံ ရေးမှာလည်း အခက်အခဲများရှိလာပေတော့မည်။ လူအချင်းချင်းအပေါ်တွင် အမုန်းစိတ်ဓာတ်များ ကြီးစိုး လာတော့မည်ဖြစ်သည်။ မိသားစုအပေါင်း အသင်းများနှင့်ပါ ဆက်ဆံရေးအားနည်းလာပြီး ပညာရေး၊ လူမှုရေးအလုပ်အကိုင်များတွင်သာမက မိမိ၏ရည်မှန်းချက်များကိုပါ ထိခိုက်လာမည် ဖြစ်ပါသည်။
ကြာလာလျှင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း ချို့ယွင်းလာမည်မှာ သေချာလှသည်။ စိုးရိမ်လွန်ခြင်း၊ ဒေါသထွက်လွယ်ပြီး စိတ်ဓာတ်ကျ လွယ်ခြင်း၊ စိတ်အားထက်သန်မှုမရှိတော့ခြင်း၊ အထီးကျန်ခြင်း၊ အိပ်မပျော်ခြင်းတို့မှာ စိတ်ရောဂါ သည်အများစုတွင် အတွေ့ရများသည့် လက္ခဏာ များဖြစ်သည်။ ဂိမ်းစွဲ၍ စိတ်ဓာတ်ကျ၊ စိတ်ဓာတ်ကျ၍ ဂိမ်းကစား တဝဲလည်လည်ဖြစ်ကာ အရက်သမား၊ ဆေးသမား ဆေးစွဲ အရက်စွဲသို့နှယ်ဖြစ်ရသည်။
စိတ်ကြောင့် ရုပ်ပိုင်းချို့ယွင်းချက်များ ရှိလာသည့်အခါ မျက်စိအားနည်းပြီး အမြင်အာရုံ ထိခိုက်ကာ မျက်မှန်သမားများဖြစ်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ အထိုင်များသည့်အတွက် ခါးနာ၊ လည်ပင်းနာ တတ်ကြပြီး အဝလွန်ခြင်း၊ ထမင်းမေ့ဟင်းမေ့ တစ်ခါတစ်ရံ အိပ်ရန်ပင်မေ့ကာ အစားအသောက်က မမှန်၊ အာဟာရက မျှခြေတွင်မရှိ၊ သွေးတိုးခြင်းများအထိ ဖြစ်ပေါ်ရသည်။
အချုပ်အားဖြင့် ယနေ့ခေတ်လူငယ်များ PDF ဂိမ်း၊ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း စသည်ဖြင့် မိမိတို့၏ အကျိုးရှိလှသောအချိန်များကို မဖြုန်းတီးကြဘဲ အချိန်တန်ဖိုးကို ကောင်းစွာ အသုံးချကြစေလိုပါသည်။ အားလုံးက အကျပ်အတည်းကြားတွင် ရောက်နေ သောကာလ၊ ဖိစီးမှုတစ်ခုခုကို လှုပ်ရှားရုန်းကန်ဖြေရှင်း နေကြရသည့်ကာလတွင် ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ် ကမ္ဘာထဲတွင် အချိန်ဖြုန်းမနေသင့်တော့ပါ။
Newspaper - 2140 items

၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊ ဖေဖော်ဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download