SEANF ၏ ၁၉ ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်
SEANF ၏ ၁၉ ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်
Myanmar National Human Rights Commission/ Yangon / December 01, 2022
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum) ၏ (၁၉) ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးကို SEANF ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူသည့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့၌ ဖိလစ်ပိုင်နိုင်ငံ၊ ဇမ်ဘိုအမ်ဂါမြို့၌ hybrid format ဖြင့် ကျင်းပခဲ့ရာ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များက In-person အနေဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်း (၃) ဦးတို့က online platform အသုံးပြု၍ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များက နိုင်ငံမဲ့ဖြစ်မှုကို တားဆီးကာကွယ်ရေးနှင့် နိုင်ငံမဲ့ဖြစ်နေသူများ၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရာတွင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခြင်း၊ ဖိုရမ်၏ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး ကာလနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ရပ်ချင်းအလိုက်၏ ဆောင်ရွက်ချက်များနှင့် အဓိကဖြစ်ပေါ် တိုးတက်မှုကိစ္စရပ်များ တင်ပြဆွေးနွေးခြင်း၊ ဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်နိုင်ရေးနှင့် စပ်လျဉ်း၍ ဦးစားပေး အကြောင်းအရာ (၅) ရပ်အလိုက် တာဝန်ယူထားသည့် ဖိုရမ်အဖွဲ့ဝင်ကော်မရှင်များက ဆောင်ရွက် ထားရှိမှုအခြေအနေများ ဆွေးနွေးတင်ပြခြင်း၊ SEANF နှင့် AICHR ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များ ဆွေးနွေးခြင်း၊ SEANF နှင့် Plan International ၊ ANNI တို့နှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခြင်း စသည့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က ဖိုရမ်၏ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးကာလနောက်ပိုင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် အဓိကဖြစ်ပေါ် တိုးတက်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသည့် ဖိုရမ်၏မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆)၏ ဦးစားပေးအကြောင်းအရာ (၂) ဖြစ်သော “စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လူ့အခွင့် အရေးကို ကာကွယ်မြှင့်တင်ရေး” နှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စများနှင့် အထွေထွေဆွေးနွေးမှုများတွင် သုံးသပ်အကြံပြုဆွေးနွေးခဲ့ပါသည်။
နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ဖိလစ်ပိုင်နိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၂၃ ခုနှစ်တွင် ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ဖိုရမ်ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
Newspaper - 2140 items

၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊ ဖေဖော်ဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download