News
Latest News - 103276 items
Ministry of Information / Posted on January 18, 2026
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on January 18, 2026
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 18, 2026
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 18, 2026
သက်သေပြရန်တာဝန်နှင့် သက်သေပြရန်စံနှုန်းများကို တင်ပြလျှောက်လဲမည်ဖြစ်ပါကြောင်း၊ တရားလိုသည် စွပ်စွဲသည့်အချက်များအပေါ် သက်သေပြရန် တာဝန်ရှိသည်ဆိုသော စည်းမျဉ်းကို နှစ်ဖက်အမှုသည်များ နားလည်လက်ခံပြီးဖြစ်ပါကြောင်း၊ ယင်းစည်းမျဉ်းကို တရားရုံးက လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွဲဆိုသည့်အမှုများတွင် အစဉ်တစိုက်ကျင့်သုံးလျက်ရှိပါကြောင်း၊
Ministry of Information / Posted on January 18, 2026
ဂမ်ဘီယာသည် သက်သေအထောက်အထားနှင့် စပ်လျဉ်းသည့် ဥပဒေစည်းမျဉ်းများကို အငြင်းမပွားသော်လည်း ယင်းတို့ကို လက်တွေ့တွင် လိုက်နာကျင့်သုံးခဲ့ခြင်းမရှိကြောင်း၊ ဂမ်ဘီယာသည် ထင်မြင်ယူဆချက်သည် သက်သေအထောက်အထား ခိုင်မာမှုမရှိကြောင်း လက်ခံသော်လည်း ယင်းအထောက်အထားများကို အကြိမ်ကြိမ်တင်ပြနေပါကြောင်း၊ ဂမ်ဘီယာသည် တစ်ဆင့်ကြား သက်သေခံချက်များမှာ ခိုင်မာသည့်သက်သေခံချက်မဟုတ်ကြောင်း လက်ခံသော်လည်း တစ်ဆင့်ကြား သက်သေခံချက်များကို အမြဲမပြတ် ကိုးကားတင်ပြနေပါကြောင်း၊
Ministry of Information / Posted on January 18, 2026
ငါးပါးသီလဆိုသည်မှာ လူသားဘဝကို ရရှိထားသူတစ်ဦးအနေဖြင့် စောင့်ထိန်းအပ်သော အခြေခံအကျဆုံး ကျင့်ဝတ် (၅) ခုဖြစ်သည်။ စာရိတ္တသီလ (ဆောင်သီလ) နှင့် ဝါရိတ္တသီလ (ရှောင် သီလ) ဟူ၍ နှစ်မျိုးကွဲပြားရာတွင် ဤအမှုကို မပြုကျင့်အပ်ဟု ပညတ်ကာ ရှောင်ကြဉ်ကြရသော ကျင့်ဝတ်ဖြစ်သည်။ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ သားမယားကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းမပြုဘဲ ရှောင်ကြဉ်ခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့သည် လူတိုင်းရှောင်ကြဉ်ကြရမည့် သီလ (၅) ခုပင်ဖြစ်သည်။
Ministry of Information / Posted on January 18, 2026
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ပထမအကြိမ်လျှောက်လဲခြင်းကို ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို တိတိကျကျ မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း ခုခံကာကွယ်ပြောကြားခဲ့သည်။
Ministry of Information / Posted on January 18, 2026
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ၏ တစ်စိတ်တစ်ပိုင်းမဖြစ်ခင်ကတည်းက ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီစကားပြောသောလူဦးရေရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ဗြိတိသျှအုပ်ချုပ်သည့်ကာလအတွင်း အိန္ဒိယနှင့် စစ်တကောင်းဒေသတို့မှ ရွှေ့ပြောင်းလာသည့်သူများဖြစ်ကြောင်း၊ ၁၉၃၁ ခုနှစ်တွင် ဘင်္ဂါလီဘာသာစကား ပြောဆိုသည့်သူများ ပိုမိုများပြားလာခဲ့ပြီး ၎င်းတို့ကိုယ်တိုင်က အသိုက်အဝန်းတစ်ခုတည်းဖြစ်သည်ကို လက်ခံထားခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုသည် ပြဿနာတစ်ရပ်ဖြစ်လျက်ရှိခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မူဂျာဟစ်ဒင်သောင်းကျန်းသူများက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် မူဂျာဟစ်ဒင်သောင်းကျန်းသူများ အညံ့ခံသွားခဲ့ကြောင်း၊ ၁၈၂၄ မှ ၁၉၄၈ ဗြိတိသျှအုပ်ချုပ်ခဲ့သည့်ကာလတစ်လျှောက် ရိုဟင်ဂျာဆိုသောအမည် အသုံးပြုခဲ့သည့် အထောက် အထားမရှိခဲ့ကြောင်း၊ ၁၉၄၀ နောက်ပိုင်းတွင် ဘင်္ဂါလီမွတ်ဆလင်အချို့က နိုင်ငံရေးလှုပ်ရှားမှုတစ်ခုအနေဖြင့် ရိုဟင်ဂျာဟူသည့်အမည်ကို အသုံးပြုလာကြကြောင်း၊ အောက်စ်ဖို့တက္ကသိုလ်၏ The International Encyclopedia of Linguistics တွင် ရိုဟင်ဂျာကို စစ်တကောင်းဒေသမှ မွတ်ဆလင်စကားကိုပြောဆိုသော ဘင်္ဂါလီမွတ်ဆလင်များဟု ဖော်ပြ ထားပါကြောင်း၊ United Nations document 2004 တွင်လည်း ရခိုင် ပြည်နယ်မြောက်ပိုင်းတွင်နေထိုင်သောသူများကို ရိုဟင်ဂျာဟုခေါ်ဆိုသော ဘင်္ဂါလီများဟု ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် ကုလားဟူသည့်စကားလုံးသည် တရားဝင်အသုံးအနှုန်း မဟုတ်ကြောင်း၊ နေ့စဉ်သုံးစကားတစ်ခုသာဖြစ်ကြောင်း၊ ယင်းအသုံးအနှုန်းသည် ကိုလိုနီ ခေတ်မတိုင်မီက ဘင်္ဂါလီအသိုက်အဝန်းက ၎င်းတို့ကိုယ်တိုင် အသုံးပြုသည့် အသုံးအနှုန်းဖြစ်ကြောင်း၊ မတူကွဲပြားသည့်အမြင်များကြောင့် ယနေ့အချိန်တွင် ထိုအသုံးအနှုန်းသည် စက်ဆုပ်ဖွယ်ကောင်းသော အသုံးအနှုန်းတစ်ခု ဖြစ်နေကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဖော်ပြပါ အချက်အလက်များအပေါ် အငြင်းပွားမှုမရှိကြောင်း၊ တစ်ဖက်ရှေ့နေ Mr. Suleman က ၁၈ ရာစု၊ ၁၉ ရာစုတို့တွင် Rooinga အသုံးအနှုန်းကို ရှိခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းသည် နောက်ပိုင်းတွင်မှ နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် အသုံးပြုလာ ခြင်းဖြစ်ကြောင်း တုံ့ပြန်လျှောက်လဲခဲ့ပါသည်။
Ministry of Information / Posted on January 18, 2026
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို မြန်မာနိုင်ငံက စာဖြင့်ရေးသားတုံ့ပြန်ထားပါကြောင်း၊ ယခု ICJ ၌ အမှုစစ်ဆေးခြင်းသည် ပြစ်မှုကြောင်းစစ်ဆေးခြင်းမဟုတ်ကြောင်း၊ ICJ သည် မြန်မာနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းအရ ဆောင်ရွက်ပေးရမည့် အပြည်ပြည်ဆိုင်ရာ တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ နိုင်ငံအချင်းချင်းအကြား အငြင်းပွားမှုများကို ဖြေရှင်းသည့် တရားရုံးဖြစ်ကြောင်း၊ ယခုအမှု၏ သဘောသဘာဝနှင့်စပ်လျဉ်း၍ တရားရုံးရှေ့မှာ သက်သေပြရမည့် တာဝန်သည် တော်တော်လေးမြင့်မားပါကြောင်း၊ သက်သေပြရမည့် တာဝန်နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပြစ်မှုတရားရုံးနှင့် ပြည်တွင်းတရားရုံးများကဲ့သို့ သံသယကင်းရှင်းသည်အထိ သက်သေပြရန်တာဝန်ရှိကြောင်း၊ ယခုအမှုသည် တိုက်ရိုက်ထိခိုက် နစ်နာခြင်းမရှိသည့် နိုင်ငံတစ်ခုက Genocide Convention ကို လိုက်နာရန်အတွက် ကွန်ဗင်းရှင်းဝင်နိုင်ငံများအားလုံး၏ အကျိုးကိုယ်စားဆိုကာ အခြားနိုင်ငံတစ်ခုကို အမှုစွဲဆိုသည့် ပထမဦးဆုံးသောအမှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာက အများအကျိုးအတွက်ဟု စွဲဆိုသည့် Genocide Convention တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေကြောင်း၊ အများအကျိုးဆိုသည်မှာ Convention ၏ တာဝန်များကို နိုင်ငံများကလိုက်နာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Genocide ဟု အမည်တပ်ပြီး စွပ်စွဲသမျှကို နိုင်ငံများက ဖြေရှင်းရန် မဟုတ်ကြောင်း၊ ယခုအမှုမတိုင်မီကတည်းက စွဲဆိုသည့်နိုင်ငံများအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများကိုယ်စား စွဲဆိုနိုင်ခြင်း ရှိ မရှိ သို့မဟုတ် Convention ကိုလိုက်နာရန် တာဝန်နှင့် စပ်လျဉ်း၍ စောင့်ကြည့်ရန်တာဝန်ရှိ မရှိတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်သည့် ယန္တရားမရှိကြောင်း၊ ဆုံးဖြတ်ဆောင်ရွက်ပေးရမည့်ယန္တရားကို ICJ တရားရုံးက ယူခဲ့ရာ ICJ တရားရုံးအနေဖြင့် ဂရုတစိုက်စစ်ဆေးရန် တာဝန်ရှိကြောင်း၊ မည်သည့်တရားရုံးမဆို ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် တိတိကျကျဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စွဲဆိုသည့်နိုင်ငံအနေဖြင့်လည်း စွဲဆိုသည့်အချက်အလက် အထောက်အထားများ တိကျမှန်ကန်မှုရှိရန် လိုအပ်သည်ဆိုသည့်အကြောင်း ပြောကြားခဲ့ပါသည်။
Ministry of Information / Posted on January 18, 2026
အမှုနှင့်ပတ်သက်သည့် ဥပဒေအချက်အလက်များကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဂမ်ဘီယာ စွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ 1948 Genocide Convention ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းရန်လိုကြောင်း၊ အဆိုပါ Genocide Convention Article II နှင့်စပ်လျဉ်း၍ ဂမ်ဘီယာအနေဖြင့် နားလည်မှုလွဲနေကြောင်း၊ တရားရုံး အနေဖြင့် Genocide Convention ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် အခြားသော အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများဖြစ်သော Statute of ICTY၊ Statute of ICTR နှင့် Rome Statute တို့ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြား ကွဲပြားခြားနားမှုရှိ မရှိဆုံးဖြတ်ရမည် မဟုတ်ကြောင်း၊
Newspaper - 3414 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
