News
Latest News - 89286 items

Ministry of Information / Posted on March 24, 2025
မတ် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။

Ministry of Information / Posted on March 24, 2025
ရေစကြိုဆရာတော်တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ သက်တော်(၇၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကျန်စစ်သားလမ်းရှိ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်(၁)၌ ကျင်းပသည်။

Ministry of Information / Posted on March 24, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ သာစည် - ရွှေညောင်ရထားလမ်းပိုင်းအခြေအနေ၊ လွန်းထိုးနေရာများနှင့် ဆင်တောင် - မြင်းဒိုက်ဘူတာကြားရှိ ကမ်းပါးနီဥမင် အဝင်/အထွက်နေရာများ၊ အဆိုပါရထားလမ်းပိုင်းရှိ ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်းတူးဖော်ခြင်းနှင့် ယာယီရှောင်ကွင်း ရထားလမ်းတာပေါင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on March 24, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်းပြောင်းရွှေ့ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on March 24, 2025
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်အားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ (၅၈)ကြိမ်၊ (၅၉)ကြိမ်နှင့်အကြိမ်(၆၀) မြောက်ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ညနေပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏မြက်ခင်းပြင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။

Ministry of Information / Posted on March 24, 2025
ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော်နေပူခံစကျင်ကျောက်ပြား ခင်းကျင်းမှုအပိုင်း(၁)အောင်ပွဲ ရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါစေတီတော်၌ ကျင်းပသည်။

Ministry of Transport and Communications / Posted on March 24, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Information / Posted on March 24, 2025
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။

Ministry of Information / Posted on March 24, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည် စက်ရုံ၌ ကျွန်း၊ မန်ဂျန်ရှားနှင့် ရော်ဘာသစ်အချောထည် ပရိဘောဂများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on March 24, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာမှအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်း ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့-မယ်ထော် သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ် နိုင်ငံသား ၁၆၀ ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Newspaper - 3115 items

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက်၊ မတ် ၂၄ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်၊ မတ် ၂၃ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်၊ မတ် ၂၂ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်၊ မတ် ၂၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ မတ် ၂၀ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်၊ မတ် ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်၊ မတ် ၁၈ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်၊ မတ် ၁၇ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်၊ မတ် ၁၆ ရက် ၊တနင်္ဂနွေနေ့။
