စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်အား အကြမ်းဖက်သမား ငါးဦးက သေနတ်နှင့် လက်လုပ်မိုင်းများအသုံးပြုခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ တန်ဖိုးငွေကျပ် ၃၀၆၉ သိန်း ခန့်ကို ဓားပြတိုက်ယူဆောင်
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်အား အကြမ်းဖက်သမား ငါးဦးက သေနတ်နှင့် လက်လုပ်မိုင်းများအသုံးပြုခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ တန်ဖိုးငွေကျပ် ၃၀၆၉ သိန်း ခန့်ကို ဓားပြတိုက်ယူဆောင်
Ministry of Home Affairs/ နေပြည်တော် / January 19, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်အား ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားငါးဦးက သေနတ်နှင့်လက်လုပ်မိုင်းများအသုံးပြု ခြိမ်းခြောက်ကာ ရွှေထည် ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ တန်ဖိုးငွေကျပ် ၃၀၆၉ သိန်းခန့်ကို ဓားပြတိုက်ခြိမ်းခြောက် ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အင်းတော်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ သီတာအေးလမ်းနေ ဦးတင်အောင် (၆၆)နှစ် (ဘ)ဦးချွန်စိန်နှင့် ဒေါ်ခင်ခင်ကြီး (၆၁)နှစ် (ဘ)ဦးကိုလေးတို့သည် ၎င်းတို့၏နေအိမ်၌ “ဦးတင်အောင်+ဒေါ်ခင်ခင်ကြီး”အမည်ဖြင့် ရွှေဆိုင်နှင့်အပေါင်ဆိုင်လုပ်ငန်း ဖွင့်လှစ်ထားရှိကြောင်း၊ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါဆိုင်သို့ Mask အနက်ရောင် တပ်ဆင်ထားပြီး လျှာထိုးဦးထုပ်များ ကိုယ်စီဆောင်းထားသည့် အကြမ်းဖက်သမားငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ရွှေပေါင်ချင်ကြောင်းပြော၍ ဝင်ရောက်လာကာ ဆိုင်အတွင်းသို့အရောက်၌ ၎င်းတို့ အနက် နှစ်ဦးက ဦးတင်အောင်နှင့် ဒေါ်ခင်ခင်ကြီးတို့အား သေနတ်(အတို) နှစ်လက်ဖြင့် ချိန်ရွယ် အကျပ် ကိုင်ကာ နေအိမ်အိပ်ခန်းအတွင်း ချုပ်နှောင်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွှေဆိုင်အရောင်းခန်းမ၌ ကျန်ရှိ ခဲ့သည့် အကြမ်းဖက်သမားသုံးဦးက ဆိုင်ခန်းအတွင်း မှန်ကောင်တာများဖြင့် ရောင်းချရန်ခင်းကျင်း ပြသထားသည့် TA တံဆိပ်ပါ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ အလေးချိန် ၁ ပိဿာ ၆၅ ကျပ်သားခန့်၊ ကာလတန်ဖိုးငွေ ၃၀၆,၉၀၀,၀၀၀ ကို မှန်ကောင်တာများအား ရိုက်ခွဲကာ လုယက်ယူဆောင်ပြီး နေအိမ်အိပ်ခန်းအတွင်းနှင့် မှန်ကောင်တာအပေါ်တို့၌ ရေသန့်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း နှစ်လုံးထောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်ကြားပါက လက်လုပ်မိုင်းများဖောက်ခွဲ၍ သတ်ပစ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ရွှေဆိုင်အား ဓားပြတိုက်မှုကျူးလွန်ကာ ဆိုင်အတွင်းလက်လုပ်မိုင်းများ တပ်ဆင် ခြိမ်းခြောက်အကျပ်ကိုင်သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သောပိတ်ဆို့စစ်ဆေးရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 1286 items

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက် ၊ မေ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ မေ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download