နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဈေးကွက်ကိုဦးတည်သည့် ထုတ်လုပ်မှုလုပ်ငန်း မဟာဗျူဟာ အားကောင်းလာစေရေး အလုပ်ရုံဆွေးနွေး
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဈေးကွက်ကိုဦးတည်သည့် ထုတ်လုပ်မှုလုပ်ငန်း မဟာဗျူဟာ အားကောင်းလာစေရေး အလုပ်ရုံဆွေးနွေး
Ministry of Information/ Naypyitaw / June 24, 2022

နေပြည်တော် ဇွန် ၂၃
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဈေးကွက်ကိုဦးတည်သည့် ထုတ်လုပ်မှုလုပ်ငန်း မဟာဗျူဟာအားကောင်းလာစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ စက်ရုံအလုပ်ရုံများမှ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ၏ ဈေးကွက်ကိုဦးတည်သည့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရေးအတွက် အရာရှိကြီးများ၊ စက်ရုံမှူးကြီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကျွမ်းကျင်မှုများ၊ အရင်းအမြစ်များ၊ အခြေခံအဆောက်အဦ၊ ဆက်ဆံရေး၊ တန်ဖိုးများ၊ ပဋိပက္ခဖြေရှင်းခြင်း၊ ထိတွေ့ဆက်ဆံမှု၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်မှုစသည်တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ရေရှည်ကတိကဝတ်၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဖန်တီးခြင်း၊ ဂေဟစနစ်ကို အားကောင်းစေခြင်း၊ နည်းပညာပိုင်းနှင့် လိုက်လျောညီထွေပြုပြင်နိုင်သော စွမ်းရည်နှစ်မျိုးလုံးကို ပံ့ပိုးပေးခြင်း၊ သာတူညီမျှရှိရေး အခြေခံစွမ်းဆောင်ရည်မြှင့်တင်ခြင်း စသည့်အချက် (၅)ချက်သည် စွမ်းရည်ကို ထိထိရောက်ရောက်မြှင့်တင်ရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းများအတွက် လမ်းညွှန်များဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက်အခြေအနေ၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်အစီအစဉ်၊ ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဆွေးနွေးမည့် ခေါင်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေးပွဲ၌ ဈေးကွက်သဘောတရားများကိုသိရှိနိုင်စေရန် ဈေးကွက်အငယ်စား ဘာသာရပ်၊ ဈေးကွက်ရှာဖွေရေးလမ်းကြောင်းများကို ပုံဖော်ခြင်းနှင့် စီမံခန့်ခွဲခြင်းဘာသာရပ်၊ ဈေးကွက်သုတေသနပြုလုပ်ခြင်း ဘာသာရပ်၊ တီထွင်ဆန်းသစ်မှုဆိုင်ရာ အခြေခံသဘောတရားနှင့် အမျိုးအစားများ ထုတ်လုပ်မှုတိုးတက်ရေးအတွက် အလေအလွင့်လျှော့ချရေး ဘာသာရပ်များကို စက်မှုဝန်ကြီးဌာန အရာထမ်းများက နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်သည်။
ဆန်းသစ်တီထွင်သည့် အလေ့အကျင့်ကောင်းများဖြင့်
အဆိုပါ ဆွေးနွေးပွဲ၌ စက်မှုထုတ်ကုန်များ အရောင်းမြှင့်တင်ရေးမူဝါဒနှင့် လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ရန်၊ ထုတ်ကုန်ဦးစားပေးစနစ်မှ ဈေးကွက်ဦးစားပေးထုတ်လုပ်သည့်စနစ်သို့ ပြောင်းလဲနိုင်ရန်၊ ဆန်းသစ်တီထွင်သည့် အလေ့အကျင့်ကောင်းများဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် အလေအလွင့်များလျှော့ချ၍ ထုတ်လုပ်မှုတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဈေးကွက်ရှာဖွေရေးလမ်းကြောင်းများကို ခေတ်နှင့်လျော်ညီစွာ အသုံးပြုလာနိုင်ခြင်း၊ ဈေးကွက်သုတေသနကို ပြန်လည်ဆန်းစစ်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 1328 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ July 04, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇူလိုင် ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇူလိုင် ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ July 02, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇူလိုင် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 01, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 30, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 29, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 28, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download