အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်နှင့်ဝန်ထမ်းများ တွေ့ဆုံပွဲ၊ ထောက်ပံ့ငွေများ လှူဒါန်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်နှင့်ဝန်ထမ်းများ တွေ့ဆုံပွဲ၊ ထောက်ပံ့ငွေများ လှူဒါန်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Anti-corruption Commission/ Naypyitaw / June 24, 2022
တွေ့ဆုံပွဲအခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ကော်မရှင်က တပည့်များဖြစ်သည့် ကော်မရှင်ရုံးအမှုထမ်း ဝန်ထမ်းများအား “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှု” ပေးအပ်လှူဒါန်းခြင်း၊ ကော်မရှင်ရုံးမှ ဝန်ထမ်း ၂ ဦး၏ မိဘနေအိမ်များ အကြမ်းဖက်များကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် ထောက်ပံ့ လှူဒါန်းငွေ ပေးအပ်ခြင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ရိုးရိုး အောင်မြင်ခဲ့သည့် ဝန်ထမ်းမိသားစု သားသမီးများအား ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့် သည့် အခမ်းအနားဖြစ်ကြောင်း၊ မိဘများမှာ ဝန်ထမ်းများဖြစ်သည့်အတွက် သားသမီးများ ကို ပညာအမွေသာ ပေးနိုင်ကြောင်း၊ “ပညာရွှေအိုးလူမခိုး” ဆိုသည့် ဆိုရိုးနှင့်အညီ သားသမီး များကို မဖြစ်မနေ ပညာအမွေပေးကြရန်နှင့် တာဝန်ကျေပွန်သည့် မိဘများဖြစ်အောင် အထူးအလေးထားကြစေလိုကြောင်း၊
ကော်မရှင်ရုံးအမှုထမ်း ဝန်ထမ်းများအား “မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက် ထောက်ပံ့ကူညီမှု” အစီအစဉ်အဖြစ် ကော်မရှင်ဥက္ကဋ္ဌအပါအဝင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက (၆/၂၀၂၁) လမှတင်၍ ၎င်းတို့ရရှိသည့် လစဉ်စရိတ် ချီးမြှင့်ငွေမှ တပည့်များအား စိတ်စေတနာ၊ သဒ္ဓါပြည့်ဝစွာနှင့် ထောက်ပံ့ခြင်းဖြစ်ပြီး ကုသိုလ် တစ်ပါးအဖြစ် ခံယူထားကြသည့်အတွက် တပည့်ဝန်ထမ်းများအနေဖြင့်လည်း ဆရာများ၏ မေတ္တာစေတနာတန်ဖိုးကို သိရှိနားလည်ပြီး အကျင့်စေတနာကောင်းဖြင့် အလုပ်တာဝန်များ ထမ်းဆောင်ရာ၌ မိမိတို့အဆင့်နှင့်လျော်ညီသည့် တာဝန်သိမှု၊ တာဝန်ကျေမှုဖြင့် ထမ်းဆောင် ကြရန်လိုကြောင်း၊
၎င်းအပြင် အကြမ်းဖက်များကြောင့် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ရှိ ဝန်ထမ်း ၂ ဦး၏ မိဘနေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးမှုအပေါ် ကော်မရှင်အနေဖြင့် စုပေါင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ မျှဝေလိုစိတ်၊ မိသားစုစိတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်ရုံးရှိ ဦးစီးဌာနများ၊ ဌာနခွဲများအနေဖြင့် ဌာနတာဝန်ခံများမှ စီမံအုပ်ချုပ်ရာ၌လည်း ကော်မရှင်၏ ခံယူချက်၊ လုပ်ဆောင်ချက်များကို စံနမူနာယူ၍ အထက်အောက်ဆက်ဆံရာတွင် စိတ်ကောင်းစေတနာကောင်း၊ အကျင့်ကောင်း ဖြင့် စီမံအုပ်ချုပ်ရန် အရေးကြီးကြောင်း၊ လောကတွင် “လုပ်သင့်တာကို မလုပ်ခြင်းသည် အပြစ်ဖြစ်သကဲ့သို့ မလုပ်သင့်တာကို လုပ်ခြင်းသည်လည်း အပြစ်ဖြစ်ကြောင်း” ၊ မိမိအဆင့် နှင့်လျော်ညီသည့် တာဝန်ရှိမှု၊ တာဝန်ခံမှုနှင့်အညီ မလုပ်ခြင်းသည် အပြစ်ရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စီမံအုပ်ချုပ်ရာတွင်ဖြစ်စေ မေတ္တာစေတနာထား၍ အကျိုးရှိစွာဖြင့် တာဝန်ကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊
ဆက်လက်၍ ကော်မရှင်ရုံးအဖွဲ့မှူး ဦးကျော်စိုးက ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများ အလိုက် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့မှုများ၌ ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ်ဖြေရှင်း ဆောင်ရွက်ခဲ့မှုများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက် ထောက်ပံ့ ကူညီမှု အစီအစဉ်” အရ ဇွန်လအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၂ဝ အား ဝန်ထမ်းရေးရာ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်ထံသို့ လည်းကောင်း ဆက်လက်၍ ကော်မရှင် အတွင်းရေးမှူးက အကြမ်းဖက်များကြောင့် မိဘနေအိမ် မီးလောင်ဆုံးရှုံးခဲ့သည့် ကော်မရှင်ရုံး ဝန်ထမ်း ၂ ဦး၏ မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၂၂ နှုန်း ဖြင့် စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေကျပ် ၄၄ သိန်းအား လည်းကောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ ၃ ဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၃ ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ရိုးရိုးအောင်မြင်ခဲ့သူ ၁၀ ဦး၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ရိုးရိုးအောင်မြင်သူ ၁ ဦးလျှင် ချီးမြှင့်ငွေကျပ် ၅ သောင်း နှင့် ဂုဏ်ထူးရသူများအတွက် တစ်ဘာသာလျှင် ကျပ် ၅ သောင်းဖြင့် စုစုပေါင်းငွေကျပ် ၂၁ သိန်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကော်မရှင် အဖွဲ့ဝင်များအားလုံး အပြန်အလှန်ညှိနှိုင်း၍ တိုင်းကျိုးပြည်ပြု ဆောင်ရွက်သင့်သည့် အကြံပြုချက်များဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိ၍ ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ကော်မရှင်၏ ဂုဏ်ပုဒ်ကို ဆက်လက်စောင့်ထိန်းရန် စည်းလုံး ညီညွတ်စွာဖြင့် တစ်ဦးချင်းစီ၏ ခံယူချက်ကောင်းများနှင့် ဆက်ဆံဆောင်ရွက်၍ လုပ်ငန်းခွင် တွင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် မှန်ကန်သည့်အရာ ကို လုပ်ရဲဖို့လိုကြောင်း၊ မှန်သောအကျင့်၊ မြတ်သောအယူ၊ ဖြူသောနှလုံးဖြင့် တာဝန် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၁:၀၀) နာရီအချိန် တွင် ရုပ်သိမ်းခဲ့သည်။
"အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူး(၁)ဘာသာဖြင့် အောင်မြင်ခဲ့သည့် ကော်မရှင်ရုံး ဝန်ထမ်းတစ်ဦး၏ သမီးဖြစ်သူ ကျောင်းသူအား ပညာရည်ချွန်ဆုနှင့်ချီးမြှင့်ငွေ(၁)သိန်း ပေးအပ်ချီးမြှင့်စဉ်"
"အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရိုးရိုးအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းတစ်ဦး၏ သားဖြစ်သူ ကျောင်းသားတစ်ဦးအား ပညာရည်ချွန်ဆုနှင့်ချီးမြှင့်ငွေ ကျပ်(၅)သောင်း ပေးအပ်ချီးမြှင့်စဉ်"
Newspaper - 1328 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ July 04, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇူလိုင် ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇူလိုင် ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ July 02, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇူလိုင် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 01, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 30, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 29, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 28, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download