(၂၂) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးတွင် သီးနှံမျိုးသစ် ၄၃ မျိုးကို မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးဆွေးနွေး
(၂၂) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးတွင် သီးနှံမျိုးသစ် ၄၃ မျိုးကို မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးဆွေးနွေး
Ministry of Information/ Naypyitaw / June 24, 2022

နေပြည်တော် ဇွန် ၂၃
နိုင်ငံတော်၏ အထူးစီမံကိန်းများဖြစ်သော ဝါသီးနှံနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိစိုက်ပျိုးနေသောမျိုးများအပြင် ပြည်ပမှ မျိုးသစ်များ တင်သွင်းနိုင်ရေးကို မျိုးစေ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်း၍ အရည်အသွေးကောင်းမျိုးစေ့များ မျိုးသန့်မျိုးပွား ထုတ်လုပ်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၂) ကြိမ်မြောက် အစည်း အဝေးတွင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ယနေ့ကျင်းပသည့် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ (၂၂)ကြိမ်မြောက် အစည်းအဝေးတွင် သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များ (Technical Working Groups, TWGs)နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee, TSC)တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့် စိစစ်ပြီးသဘောထားမှတ်ချက်များဖြင့် တင်ပြလာသော စမ်းသပ်စိုက်ပျိုးသီးနှံ ရှစ်မျိုး၏ မျိုးသစ် မျိုးကွဲ ၁၈ မျိုးနှင့် အချက်အလက် ပြည့်စုံစွာ စုစည်းတင်ပြလာသော သီးနှံ ၁၀ မျိုး၏ မျိုးသစ်မျိုးကွဲ ၂၅ မျိုး စုစုပေါင်း ၄၃မျိုးတို့ကို မျိုးသစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် စိစစ်ဆွေးနွေးရမည့်လုပ်ငန်းများကိုတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသည့် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဝင်များက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ဌာနများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကတင်ပြလာသော အပင်မျိုးသစ်များကို မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးများက စိစစ်သုံးသပ်ပြီး မျိုးသစ်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလာလျက်ရှိရာ (၂၁) ကြိမ်မြောက် အစည်းအဝေးအထိ သီးနှံ ၇၆ မျိုး၏ မျိုးကွဲ ၁၃၆၀ နှင့် မိဘ မျိုးလိုင်း ၁၆၈ စုံ၊ စုစုပေါင်း ၁၅၂၈ မျိုးကို စိစစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း။ နိုင်ငံတကာမှ တောင်သူများနည်းတူ အသစ်ထွက်ပေါ်လာသော မျိုးသစ်မျိုးပြားများကို အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်ရန် မျိုးသစ်များမှတ်ပုံတင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မျိုးစေ့တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းများအတွက် အချိန်နှင့်စရိတ်သက်သာစေပြီး ပွင့်လင်းမြင်သာမှုရှိသော အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 1328 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ July 04, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇူလိုင် ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇူလိုင် ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ July 02, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇူလိုင် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 01, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 30, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 29, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 28, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 25, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download