(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကာယဗလကာယအလှအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ဝူရှူး(ထောက်လု)အားကစားနည်းမှငွေ(၁)ခု၊ Rowing အားကစားနည်းမှ ကြေး(၂)ခုထပ်မံဆွတ်ခူးရရှိ


Ministry of Information/ Naypyitaw / May 14, 2022
image_latest


ဗီယက်နမ် မေ ၁၄

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊ Rowing၊ ဝူရှူး၊ ကာယဗလကာယအလှနှင့် ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများအနက်မှ Cau Giay Gymnasium ၌ ကျင်းပလျက်ရှိသော ကာယဗလ ကာယအလှအားကစားပြိုင်ပွဲ (+70) kg တွင် မောင်ရဲထွန်းနောင်က ပထမဆု ရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန်ဖြင့် ဆွတ်ခူးရရှိခဲ့ပြီး၊ (+80) kg တွင် မောင်မင်းဇော်ဦးနှင့် (+85) kg တွင် မောင်ခင်မောင်ကျော်တို့က ဒုတိယဆု ငွေတံဆိပ်တစ်ခုစီကိုလည်းကာင်း၊  Trinh Hoai Duc  Gymnasium ၌ ကျင်းပလျက်ရှိသော ဝူရှူး(ထောက်လု) အားကစားနည်းမှ  အမျိုးသမီးတစ်ဦးချင်း (ချန်းစု)ပြိုင်ပွဲတွင် မစန္ဒီဦးက ဒုတိယဆု ငွေတံဆိပ်ကိုလည်းကောင်း၊ Hai Phong  ၌ ကျင်းပလျက်ရှိသော အနောက်တိုင်းလှေလှော်ပြိုင်ပွဲ အမျိုးသမီး (၂)တက် လှော်ပြိုင်ပွဲတွင် နီလာဝင်းနှင့် ရွှေစင်လတ်၊ အမျိုးသမီး (၄)တက်လှော်ပြိုင်ပွဲတွင် မအိဖြူ၊ မစန္ဒာရွှေ၊ မချစ်ဖူးငုံနှင့် မဝင်းသူဇာသိန်း တို့က တတိယဆု ကြေးတံဆိပ်တစ်ခုစီကိုလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာအားကစားအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၄)ခု နှင့် ကြေးတံဆိပ် (7)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ်(၁၄)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(7) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

Newspaper - 1286 items

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက် ၊ မေ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ မေ ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download