PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာများကို အကြောင်းအမျိုးမျိုးပြ စွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်
PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာများကို အကြောင်းအမျိုးမျိုးပြ စွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / January 19, 2022

NUG ၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့် အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်လျက်ရှိကြသည်။
ထိုသို့ အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ၊ ပန်းကုန်းသာတောတိုက်ရှိ ပန်းကုန်းသာ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ သက်တော်(၅၅)နှစ်၊ ဝါတော် (၂၂) ဝါ ထံသို့ ဆွမ်းလာပို့သည့် ဒကာ/ဒကာမများမှ ဆရာတော်အား မတွေ့ရှိရသဖြင့် လိုက်လံရှာဖွေရာ ည ၈ နာရီ ၅၀ မိနစ်တွင် အဆိုပါဘုန်းကြီးကျောင်း၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လယ်ကွက် အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓါးဖြင့်ခုတ်၊ မီးဖြင့်ရှို့၍ သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ဓါးဒဏ်ရာများ၊ အောက်ပိုင်းတွင် မီးရှို့ခံထားရသည့် ဒဏ်ရာများဖြင့် ပျံလွန်တော် မူနေသည့် ဆရာတော်ကို တွေ့ရှိရကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၁၆ ရက် ည ၉ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ စိန်ပန်းလမ်းပေါ်၌ သံဃာတစ်ပါး လဲကျနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မုံရွာမြို့၊ လက်ဇင်အုပ်စု၊ ရွာထောင်ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ကိုရင်ကြီး ဇဝန(ခ)ငြိမ်းချမ်း (၃၈)နှစ် (ဘ) ဦးတင်ရွှေအား ယာဘက်နားအောက် ညိုမဲဒဏ်ရာ၊ ဝဲမျက်ခုံးအထက် စုတ်ပြဲဒဏ်ရာ၊ နားနှင့်နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် လဲကျ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကိုရင်ကြီးသည် ည ၉ နာရီ ၅၀ မိနစ်တွင် စိန်ပန်းနီလမ်းမပေါ်တွင် တစ်ပါးတည်း လမ်းလျှောက်နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူအမျိုးသားတစ်ဦး(စိစစ်ဆဲ)က တုတ်ဖြင့်ရိုက်နှက်ကာ ထွက်ပြေးသွားခဲ့သဖြင့် ထိခိုက် ဒဏ်ရာရရှိ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာတော်များကိုပင် အကြောင်း အမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသဖြင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်း ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံ သတင်း ထုတ်ပြန်ထားသည်။
Newspaper - 1286 items

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက် ၊ မေ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ မေ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2022
Publication Date: 2022
Page: 32 Pages
Language: မြန်မာ
Download