ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မဟာသင်္ကြန်အကြတ်နေ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ဆင်ယင်ကျင်းပနေမှုများကို တက်ရောက်အားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / April 16, 2025


ဘားအံ ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ဆင်ယင်ကျင်းပလျှက်ရှိရာ ဧပြီလ ၁၅ ရက်နေ့ မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် အများပြည်သူယဉ်ကျေးသိမ်မွေ့စွာ ရေကစား နေမှုများကို လှည့်လည်ကြည့်ရှုအားပေး ချီးမြှင့်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဘောလုံးကွင်းရှိ ဂုဏ်ယူမြတ်နိုးတန်ဖိုးထား မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်စု ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအား ဖြင့် သနပ်ခါးလိမ်းသည့်ဓလေ့ကိုဖော်ကျူးသည့်အနေဖြင့် တက်ရောက်လာသူများအား အပြန်အလှန်သနပ်ခါးများ လိမ်းခြယ်ပေးကြသည်။

ယင်းနောက် မည်သူမဆိုဝင်ရောက်သုံးဆောင်နိုင် သော ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စတုဒိသာဗဟိုမဏ္ဍပ်၌ စားသောက်ဖွယ်ရာများကိုလာရောက်သုံးဆောင်နေသူများအား မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သပြေခက်ဖြင့် အတာရေအေးပက်ဖြန်၍ ရေကစားခဲ့ကြပြီး တည်ခင်းဧည့်ခံသည့်စတုဒိသာစားဖွယ်များအား အများပြည်သူနှင့်အတူ အတူတကွသုံးဆောင်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်းရှိ လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဌာနစတုဒိသာမဏ္ဍပ်၊ သယံဇာတရေးရာဝန်ကြီးဌာနစတုဒိသာမဏ္ဍပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာနစတုဒိသာမဏ္ဍပ်၊လူမှုရေး၊တိုင်းရင်းသား၊ဥပဒေ၊တရားရေး၊ လွှတ်တော်၊လဝက စုပေါင်းစတုဒိသာမဏ္ဍပ်တို့တွင် သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး အစရှိသောသင်္ကြန်အစား အစာများကို စတုဒိသာတည်ခင်း ဧည့်ခံနေမှုနှင့်အများပြည်သူလာရောက်သုံးဆောင်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး သပြေခက်ဖြင့် အတာရေအေး ပက်ဖျန်း၍ အေးချမ်းစွာရေပက်ကစားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ ဒုံရင်းသဘာဝစမ်း ရေတံခွန်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ လမ်းလျှောက်သင်္ကြန်(အေးသင်္ကြန်)တွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်း ငါးခုံးမကြီးကောင်ရေး နှစ်ထောင်ကျော်ကို ဇီဝိတဒါနအဖြစ် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ မာန်းနဲစန်လမ်းနှင့်ကျော်ဇေယျလမ်း ဆုံရှိ လမ်းလျှောက်သင်္ကြန်(အေးသင်္ကြန်)ဧရိယာအတွင်း မြန်မာမှု၊မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့် အညီ ပြည်သူများနှင့်အတူ ယဉ်ကျေးသိမ်မွှေ့စွာပါဝင်ဆင်နွှဲခဲ့ကြပြီး စတုဒိသာအဖြစ် မြန်မာ့ရိုးရာမုန့်များကို သုံးဆောင်၍ ရေဖလားများဖြင့် ရေပက်ကစားခဲ့ကြပါသည်။

Newspaper - 3379 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download