ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းအပ်နှံရေး မြေပြင်စည်းရုံးလှုံ့ဆော်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းအပ်နှံရေး မြေပြင်စည်းရုံးလှုံ့ဆော်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 24, 2026
ဘားအံ - မေ (၂၄)
ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိအပ်နှံပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများရှိ လူစည်ကားရာနေရာများ၊ အများပြည်သူဆိုင်ရာ နေရာများတွင် ကျောင်းအပ်နှံရေးစည်းရုံးလှုံ့ဆော်လျက်ရှိရာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ ကျောင်းအပ်နှံရေး မြေပြင်ကွင်းဆင်းစည်းရုံးလှုံ့ဆော်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အိန္ဒုကျေးရွာ ရွာလည်လမ်းဆုံတွင် ဖြတ်သန်းသွားလာနေသူ များ၊ အိန္ဒုဈေးအတွင်း ဈေးရောင်းချနေသူများ၊ လာရောက်ဈေးဝယ်နေသူများအား ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ များ၊ အခမဲ့ထောက်ပံ့ပေးမည့်အစီအစဉ်များ၊ သိရှိလိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူ ပြည်သူများသို့မေတ္တာရပ်ခံ ချက် များပါဝင်သည့် ကျောင်းအပ်နှံရေးလှုံဆော်လက်ကမ်းစာစောင်များကို ဖြန့်ဝေ၍ မိမိတို့ပတ်ဝန်းကျင်ရှိ ကျောင်းနေ အရွယ် ကလေးများအား ကျောင်းသို့အပ်နှံပညာသင်ကြားပေးကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အိန္ဒုကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေး၊ စာသင်ခန်း၊ စာသင် ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိန္ဒုကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ မေလ ၂၅ ရက် နေ့မှစ၍ ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ကျောင်းသူများအား အခမဲ့ ထောက်ပံ့ပေးမည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံ၊ ဘောပင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျောင်း၏ကျောင်းအုပ်ဆရာကြီးမှ စွန့်ပစ်ပလက်စတစ်များမှ တစ်ဆင့်ပေါင်းခံ၍ (ဘိုင်အိုဒီဇယ်)စက်သုံးဆီထုတ်ယူ၍ တစ်လုံးထိုးဒီဇယ်အင်ဂျင်များတွင် အသုံးပြုနေမှုအခြေအနေများ ကို ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ကျောင်းအုပ်ကြီးအား ဂုဏ်ပြုဆုများပေအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်၏ခရီးစဉ်ဒေသတစ်ခုဖြစ်သော လွန်းညရေပြာအိုင် ခရီးစဉ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေးရာ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီး မှူးနှင့် လွန်းညရေပြာအိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့တို့က ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ လာရောက်လည် ပတ်အပန်းဖြေနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လွန်းညကျေးရွာမှ ရေပြာအိုင်သို့ ဆက်သွယ်ထားသော အမာခံလမ်း ပေတစ်ထောင်ကျော်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် မှာကြား၍ ရေပြာအိုင်ကားပါကင်မှ ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီလမ်းသို့ ချိတ်ဆက်ဖောက်လုပ်ထားသော မြေသာလမ်း ပေ ၆၀၀ ခန့်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသ၏ခရီးစဉ်ဒေသအသစ်တစ်ခုဖြစ်သော ဘားအံမြို့နယ် လှာကဒေါင်အင်း အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ခရီးစဉ်ဒေသအသစ်ဖြစ် သည့်အတွက် အများပြည်သူစိတ်အေးချမ်းသာစွာလာရောက်အနားယူအပန်းဖြေနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လှာကဒေါင်အင်းအား မော်တော်ယာဉ်ဖြင့်ပတ်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။



Newspaper - 3535 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
