ကရင်ပြည်နယ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
ကရင်ပြည်နယ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / January 16, 2025
ဘားအံ - ဇန်နဝါရီ (၁၆)
အခြေခံပညာကဏ္ဍတွင် ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်၍အကျင့်စာရိတ္တကောင်းမွန်သော ဘက်စုံထူးချွန် သည့်လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန် ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲ တော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်ပညာရေးစုံညီပွဲတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘင်ခရာ၊ပန်းပွား အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဂုဏ်ပြုခံစင်မြင့်ထက်ရှိ ပြည်နယ်ဝန် ကြီးချုပ်အား ဂုဏ်ပြုဂါရဝပြုကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၄၀၀ ဦးက ဘင်ခရာ၊ ပန်ပွားအဖွဲ့တို့ဖြင့်လည်းကောင်း၊ ကဗျာလွတ်အက၊ မြန်မာ့ရိုးရာသိုင်း၊ Fitness Dence တို့ဖြင့်လည်းကောင်း သရုပ်ပြ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ကာ ကျောင်းသား၊ကျောင်းသူများ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အတွင်းရှိ ခရိုင်များအလိုက်အခြေခံပညာကျောင်း များနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၏ အနုပညာ၊ သိပ္ပံ၊ စာပေ၊ အကြိုသက်မွေး၊ အိမ်တွင်းမှု၊ သင်ထောက်ကူ အစရှိသော ကျောင်းတွင်းလှုပ်ရှားမှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို အဆိုပါကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော် တေးသီချင်းဖြင့်သီဆို ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် ဘက်စုံပညာ ထူးချွန်၊ထက်မြတ်ပြည့်ဝသည့်ကျောင်း သား၊ကျောင်းသူများ၊ စာပေပြိုင်ပွဲထူးချွန်သူများ စသည်ဖြင့် ကျောင်းသားများ၏ ဗီဇစွမ်းရည်များကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်၍ အထူးပင်ကြည်နူးမိပါကြောင်း၊ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ကိုယ်ပိုင်ကျောင်းများ ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ဆရာ၊ဆရာမများကလည်း မိမိတို့ကျောင်းများပိုမိုတိုးတက်မြင့်မားလာအောင်၊ မိမိတို့၏တပည့်များ ယခုကဲ့သို့ ဂုဏ်ယူထိုက်သည့်ထူးချွန်သူများဖြစ်အောင် မိမိတို့၏စေတနာ၊ သိက္ခာ၊ ပညာ၊ ဝီရိယ များကို အစွမ်းကုန်မြှင့်တင်ပြီး လေ့ကျင့်သင်ကြားမြေတောင်မြှောက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အခြေခံပညာကဏ္ဍလှုပ်ရှားဆောင်ရွက်မှု ထူးချွန် သောမြို့နယ်များ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းများ နှင့် ငါးနှစ်ဆက်တိုက်အောင်ချက် အကောင်းဆုံးမြို့နယ်ဆု၊ ထူးချွန်လူရည်ချွန်ဆု၊ နိုင်ငံတကာအဆင့်၊ ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆု စသည်ဖြင့် ဂုဏ်ပြုဆုပေါင်း ၇၉ ဆုကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဘက်စုံထူးချွန်ကျောင်းများ၏မှတ်တမ်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးလှုပ်ရှားမှုမှတ် တမ်းဗီဒီယိုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက အသီးတစ်ရာ အညှာတစ်ခု တေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက ထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များအား ရင်းနှီးနွေး ထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။
Newspaper - 3524 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
